Tuesday, July 12, 2011

ွှ့The Roadmap to Nowhere

လမ်းပျောက်မြေပုံဖြင့် လမ်းပြနေသော မြန်မာလက်သစ်စစ်အစိုးရ
လမ်းပြမြေပုံ ဆိုသည့် စကားလုံးကို သိဖူးမြင်ဖူးကြားဖူးရုံမက လက်ခံကြမည်လည်း ဖြစ်သည်။ သို့သော် “လမ်းပျောက် မြေပုံ” ဟုဆိုလျှင် အဓိပ္ပာယ်မရှိမှန်း လူတိုင်းက နားလည်ကြသည်။  ပြည်သူလူထုအတွက် အကျိုးမရှိသော အနာဂတ်ပန်းတိုင်ကို ရည်မှန်းလျက် အဓိပ္ပာယ်မရှိသော လုပ်ရပ်များဖြင့် တိုင်းပြည်ကို ဦးဆောင်နေသည်ဆိုလျှင် “လမ်းပြမြေပုံ” မဟုတ်တော့ဘဲ “လမ်းပျောက်မြေပုံ” ဟုသာ ဆိုရပေလိမ့်မည်။ တနည်းအားဖြင့် အာဏာရှင်များအတွက် “လမ်းပြမြေပုံ” ဖြစ်သော်လည်း နိုင်ငံနှင့် ပြည်သူများအတွက်မူ “လမ်းပျောက်မြေပုံ”သာ ဖြစ်သည်။
ယနေ့မြန်မာနိုင်ငံတွင် အာဏာရလျှက်ရှိသော အစိုးရအဖွဲ့သည် ယခင်က စစ်ယူနီဖေါင်းဝတ် ထိပ်တန်းဗိုလ်ချုပ်များသာ ဖြစ်ပြီး ဒီမိုကရေစီ ဖော်ဆောင်ရန်အတွက် လမ်းပြမြေပုံဟု ကြွေးကြော်ကာ မလိမ့်တပတ်ဖြင့် ဇွတ်အတင်း အတည်ပြု လိုက်သော ၂ဝဝ၈ အခြေခံဥပဒေကို လက်ကိုင်ပြုပြီး ပြည်သူတို့အား အရပ်သားဟန်ပန်ဖြင့် ဦးဆောင်လျက်ရှိနေသည်။
လမ်းပြမြေပုံဟူသည့် အသုံးအနှုန်းသည် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံ၌ နှစ်ကာလမကြာသေးချိန်က ရေပန်းစားလာသော လက်သုံးစကားဖြစ်ပြီး ရည်မှန်းချက်ဖြစ်ထွန်းရန် တိကျခိုင်မာသော ရေတို-ရေရှည် နည်းလမ်းဟု အနက်အဓိပ္ပါယ် ရသည်။ မူရင်းကို ခြေရာခံကြည့်ပါက ရှုပ်ထွေးပွေလီလှသော အစ္စရေး-ပါလက်စတိုင်း ပြဿနာကို အမေရိကန်၊ ရုရှား၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂမှ ခေါင်းဆောင်ကြီးများက ကြားဝင်ဖြေရှင်းပေးရန် ကြိုးပမ်းရာမှ ငြိမ်းချမ်းရေးအတွက် လမ်းပြမြေပုံ (Roadmap for peace) ဆိုသော အသုံးအနှုန်းကို စတင်သုံးစွဲခဲ့ခြင်း ဖြစ်သည်။ ဤအသုံးအနှုန်းကို ငြိမ်းချမ်းရေးအလိုရှိသူ အများက လက်ခံကြသည်။
မြန်မာစစ်ခေါင်းဆောင်တို့က သူတို့၏ ကိုယ်ပိုင်စဉ်းစားဥာဏ်ကို ထုတ်မသုံးဘဲ ဤသို့သော နိုင်ငံတကာ အသုံးအနှုန်း ကိုပင် တိုက်ရိုက် ကူးယူအသုံးပြုလိုက်ရာ နိုင်ငံတကာ တိုင်းပြည်အများက လက်ခံသယောင်ယောင် ပုံစံမျိုးဖြင့် မြန်မာ နိုင်ငံမှ နိုင်ငံရေးကို မသိနားမလည်ကြသည့် သာမန်ပြည်သူတို့အား အလွယ်တကူ လှည့်စားသွားခဲ့သည်။ ငြိမ်းချမ်းရေး အတွက် လမ်းပြမြေပုံဖြင့် အစ္စရေး-ပါလက်စတိုင်း ပြဿနာကို နှစ်ပေါင်းများစွာ အချိန်ယူ၍ ဖြေရှင်းနေသကဲ့သို့ပင် မြန်မာစစ်ခေါင်းဆောင်တို့ကလည်း လမ်းပြမြေပုံဟု ကြွေးကြော်သံပေး၍ နှစ်ပေါင်းများစွာကြာအောင် နိုင်ငံ့အာဏာကို တရားမဝင် အရှက်သိက္ခာမရှိ အတင်းအဓမ္မ ချုပ်ကိုင်နေခဲ့ကြသည်။  
လမ်းပြမြေပုံဟူသည်အလျောက် ခရီးသွားသူများအတွက် လိုရာပန်းတိုင်သို့ အစမှအဆုံးတိုင် တိတိကျကျ ညွန်ပြထား သည့် အစဉ်အတိုင်းလိုက်နာပါက ဧကန်မုချ ရောက်ရှိရမည်ဖြစ်သည်။ ထိုနည်းတူဒီမိုကရေစီ လမ်းပြမြေပုံဆိုလျှင်လည်း ဒီမိုကရေစီကို အမှန်တကယ်လိုလားသူတို့အတွက် ယုံယုံကြည်ကြည် လိုက်နာပါက ရည်မှန်းရာ ဒီမိုကရေစီပန်းတိုင်သို့ ရောက်ကိုရောက်ရပေလိမ့်မည်။
GPS (Global Positioning System) ခေါ် လမ်းပြကိရိယာသည် အလွန်တိကျမှန်ကန်ပြီး ယာဉ်မောင်းသူများအတွက် အလွန်အားထားရသော လမ်းညွန်တခုဖြစ်သည်။ ဤကိရိယာက မှန်မှန်ကန်ကန် အလုပ်လုပ်နေသရွေ့ လမ်းမှားစရာ အကြောင်းမရှိသည့် ဥပမာကဲ့သို့ပင်။
လမ်းမလျှောက်တတ်လျှင် လမ်းပျောက်တတ်ပါသည်။ သို့သော် လမ်းလျှောက်တတ်သည့်တိုင် လမ်းမှားကို လျှောက်မိ နေလျှင်လည်း ဧကန်မုချ လမ်းပျောက်မည်သာ။ သို့ဖြစ်ရာ လျှောက်ရမည့်လမ်းသည် လမ်းမှန်ဖြစ်-မဖြစ် သေသေချာချာ စဉ်းစားဆန်းစစ်ပြီး ရွေးချယ်ရပေလိမ့်မည်။ အစကတည်းက လွဲမှားသောလမ်းစဉ်ကို လိုက်မိပါက ပန်းတိုင်ရောက်ဖို့ ဝေလာဝေး၊ တာအထွက်မှာပင် ဝင်္ကပါပတ် ချာချာလည်နေသည့်အဖြစ်မျိုးနှင့် ကြုံရပေမည်။
အာဏာမက်မောလှသော စစ်ဗိုလ်ချုပ်ကြီးများက ကလိမ်စေ့ငြမ်းဆင် ဖန်တီးခဲ့သော ဒီမိုကရေစီ လမ်းပြမြေပုံဖြင့် ၂ဝ၁၁ ရွေးကောက်ပွဲမှတဆင့် အရပ်သားအစိုးရသစ်ကို ပွဲထုတ်လိုက်ပါပြီ။ သို့သော် ထိုအစိုးရလက်သစ်သည် ပွဲဦးထွက်မှာပင် အကြီးအကျယ် ချွတ်ချော်လွဲမှားနေသည်ကို အကဲခတ် သူတိုင်း တွေ့မြင်နေရသည်။
ဒီမို ဆိုသည်မှာ ဂရိဘာသာစကားအရ ပြည်သူလူထုဖြစ်ပြီး၊ ကရေစီ ဆိုသည်မှာအုပ်ချုပ်ရေးဖြစ်သောကြာင့် ဒီမိုကရေစီ သည် ပြည်သူလူထုအုပ်ချုပ်ရေးဟုသာ အဓိပ္ပာယ်ထွက်သည်။ တနည်းအားဖြင့် လူထုအစိုးရဟု ဆိုလိုသည်။ လူထု အစိုးရဖြစ်သောကြောင့် နိုင်ငံရေးအာဏာသည် ပြည်သူတို့ဆီမှသာ မြစ်ဖျားခံရပါမည်။ ပြည်သူတွေက အာဏာအပ်နှင်း ပေးပါမှ တရားဝင်အစိုးရ ဖြစ်ရပါမည်။
ပြည်သူလူထု၏ အသဲနှလုံးကြားက အမှန်တကယ်နှစ်သက်သူ လွှတ်တော်ကိုယ်စားလှယ်များအား လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိရမည်။ ထိုမှတဆင့် လူထုမဲ အများဆုံးရရှိသည့် နိုင်ငံရေးပါတီမှ အစိုးရအဖွဲ့ကို ဦးဆောင်ရပါမည်။ အများဆန္ဒဖြစ်သောကြောင့် ထိုအစိုးရအဖွဲ့ကို အသိအမှတ်ပြု လက်ခံရပေမည်။ အနှစ်သာရအားဖြင့် အများ၏ဆန္ဒကို လေးစားခြင်း၊ တန်းတူညီမျှစွာ ဆက်ဆံခြင်း၊ ပွင့်လင်းမြင်သာစွာ ပြုမူခြင်း၊ တာဝန်ခံယူခြင်း၊ မတူကွဲပြားမှုများကို  သည်းခံပေးရခြင်း စသော ဒီမိုကရေစီ အလေ့အကျင့်များ ရှိရမည်ဖြစ်သည်။
သို့သော် ဒီမိုကရေစီ အလေ့အကျင့်များ လုံးဝ မရှိဘဲ၊ ဒီမိုကရေစီ နည်းလမ်းများ လုံးဝ မှန်ကန်ခြင်း မရှိဘဲ၊ ဒီမိုကရေစီ စံနှုန်းများကို အခြေခံခြင်း လုံးဝ မရှိဘဲ စစ်အာဏာရှင်တို့အခေါ် “လမ်းပြမြေပုံ”ဖြင့် ၂ဝဝ၈ အခြေခံဥပဒေကို ရေးဆွဲခြင်း၊ တပါတီစနစ်ဆန်ဆန်လူထုဆန္ဒခံယူကာ အတည်ပြုခြင်းနှင့် လွတ်လပ်မှုမရှိသောရွေးကောက်ပွဲ ကျင်းပခြင်းတို့ကြောင့် တာထွက်မှာပင် အမှားကြီးမှားနေကြောင်း သိသိသာသာ ရှိနေတော့သည်။    
ရွေးကောက်ပွဲနှင့် ပတ်သက်၍ မြန်မာ့သမိုင်းတွင် ဖျောက်ဖျက်မရနိုင်သော ကမ္ဘာသိ သက်သေတခု ရှိခဲ့ပါသည်။ ယင်းမှာ ၁၉၉ဝ ခုနှစ်တွင် ကျင်းပခဲ့သည့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆန္ဒမဲ ၈၂%ကျော်ဖြင့် မဲအများဆုံးရကာ ပြတ်ပြတ်သားသား အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ထိုမျှသာမက ရွေးကောက်ပွဲအနိုင်ရ အခြားတိုင်းရင်းသားပါတီများမှ  လွှတ်တော်ကိုယ်စားလှယ်များနှင့်လည်း မဟာမိတ်ပြု (coalition) စုဖွဲ့ထားသဖြင့် ပိုမိုအားကောင်းသော ဒီမိုကရေစီနည်းကျ ဦးဆောင်မှုကို ရရှိနိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ ရွေးကောက်ပွဲ ပြီးဆုံးချိန်က နဝတ စစ်အာဏာပိုင်များနှင့် နောက်ပိုင်းနှစ်များ၌ နအဖ အမည်ခံ စစ်အာဏာပိုင် တို့က ၎င်းတို့အနေဖြင့် သဘောမတူနိုင်သည့်တိုင်အောင် (၎င်းတို့မျှော်လင့်ထားသော နိုင်ငံရေးပါတီက အနိုင်မရဘဲ ဖြစ်သွားသည့်တိုင်အောင်) ဒီမိုကရေစီ၏ အခြေခံစံနှုန်းတခုဖြစ်သော အများဆန္ဒကို လိုက်လျောရသည့်အနေဖြင့် နိုင်ငံ့ အာဏာကို ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီများသို့ ရွေးကောက်ပွဲ အစဉ်အလာအတိုင်း မဖြစ်မနေ လွှဲပြောင်းပေး ရမည်သာ ဖြစ်သည်။
သို့သော် စစ်အာဏာပိုင်တို့က အာဏာလွှဲမပေးသည့်အပြင် အနိုင်ရပါတီများ၏ နိုင်ငံရေး လှုပ်ရှားမှုများကို နည်းမျိုးစုံဖြင့် ဖိနှိပ် ချုပ်ချယ် ကန့်သတ် ပိတ်ဆို့နေခဲ့သည်။ ယင်းလုပ်ရပ်များမှာ ပြည်သူအများ၏ဆန္ဒကို ပြောင်ပြောင်တင်းတင်း မထီမဲ့မြင် ပြုလိုက်ခြင်းဖြစ်သည်။ ထို့ပြင် ဒီမိုကရေစီ၏ စံထားချက်နှင့်လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေခဲ့သည်။  
ထိုထိုသော ဒီမိုကရေစီ မျက်ကွယ်ပြု စစ်အာဏာရှင် ခေါင်းဆောင်ကြီးများ စိတ်ကြိုက် အတင်းအဓမ္မ ရေးဆွဲ အတည်ပြု ခဲ့သော နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ဥပဒေပြုလွှတ်တော်၏ မည်သည့်အစိတ်အပိုင်းတွင်မဆို စစ်တပ်မှ ၂၅% ရွေးကောက်ခံစရာ မလိုဘဲ ပါဝင်နေရမည်ဟု ဆိုထားပြန်ရာ ဒီမိုကရေစီ လမ်းကြောင်းနှင့် လွဲပြီးရင်း လွဲလျက်ရှိ နေတော့သည်။
ထိုမျှသာမကသေး၊ မည်သည်ကို ဆိုလိုမှန်းမသိရသော “နိုင်ငံတော်အတွက် အန္တရာယ် ကျရောက်လာမည်ဆိုလျှင် တပ်မတော်စစ်ဦးစီးချုပ်မှ လွှတ်တော်ကိုဖျက်သိမ်းပြီး အာဏာသိမ်းပိုင်ခွင့်” လည်း ပြုထားပြန်သည်။ ယင်းမှာ စစ်အာဏာရှင် ခေါင်းဆောင်များအနေဖြင့် မတတ်သာ၍သာ ဒီမိုကရေစီကို အဖြစ်သဘော ခွင့်ပြုပေးလိုက်ရသည်၊ စစ်တပ်မှသာ အာဏာကို ထာဝရ ချုပ်ကိုင်ထားလိုသည်ဟု ကြေညာမောင်းခတ်ထားသည်နှင့် တူနေတော့သည်။ ဒီမိုကရေစီကို ဗန်းပြ၍ စစ်အာဏာရှင်စနစ်ဖြင့် နောက်ကွယ်မှ ချုပ်ကိုင်ထားလိုမှန်း သိသာလှသည်။
နောင်တချိန်ပြဌာန်းလိမ့်မည်ဟု သတင်းထွက်နေသော စစ်မှုမထမ်းမနေရ ဥပဒေ၌ ယခုအချိန် အငြိမ်းစားယူ-မယူ လူသိမခံသေးသော စစ်အာဏာရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မှတ်ရေးထိုးထားကြောင်းလည်း  မကြာသေးမီကပင် ကြားသိနေရသည်။ ဤဖြစ်ရပ်ကိုကြည့်လျှင် ၂ဝဝ၈ အခြေခံဥပဒေ ရေးဆွဲစဉ်က အာဏာပိုင်တို့ အသေဆုပ်ကိုင်၍ အတင်းအဓမ္မ ပြဌာန်းခိုင်းသော “တပ်မတော်သည် အနာဂတ်အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်သော အခန်းကဏ္ဍမှ အမြဲတမ်း ပါဝင်နေရမည်” ဟူသောအချက်ကို အာဏာရှင် ဗိုလ်ချုပ်သန်းရွှေက နောက်ကွယ်မှ ကြိုးကိုင်ကာ အကောင်အထည် ဖော်လိုသည့် ခြေလှမ်းတရပ်ဟု သုံးသပ်နိုင်ဖွယ်ရာ ရှိသည်။
အနာဂတ် အမျိုးသားနိုင်ငံရေးမှာ ဒီမိုကရေစီကို ဖြစ်ထွန်းအောင်မြင်စေရေးသာလျှင် အဓိကအချက်ဖြစ်ရမည်။ တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်ရည်မှန်းချက် အောင်မြင်စေရန် အစိုးရဆိုင်ရာအဖွဲ့အစည်း (Institution) တခုအနေဖြင့် သိက္ခာရှိရှိ ပံ့ပိုးကာကွယ် စောင့်ရှောက်ပေးရန်သာ တာဝန်ရှိသည်။ နိုင်ငံရေးတွင် “ဦးဆောင်သော အခန်းကဏ္ဍ” ဆိုသည်မှာ တပ်မတော်၏ အဓိကအခန်းကဏ္ဍ မဟုတ်ဘဲ နိုင်ငံရေးသမားတို့၏ တာဝန်တရပ်သာဖြစ်ပြီး လူထုက လက်ခံနိုင်သရွေ့ ပြဿနာ မရှိနိုင်ပါ။ သို့ဖြစ်ရာ စစ်အာဏာရှင် ခေါင်းဆောင်တို့၏ နောက်ကွယ်မှ ကြိုးကိုင် လိုသော ရည်မှန်းချက်နှင့် ပြည်သူတို့ ရည်မှန်းသော ဒီမိုကရေစီ ပန်းတိုင်တို့မှာ ပြဒါးတလမ်း၊ သံတလမ်းသာ ဖြစ်မြဲ ဖြစ်လျက် ရှိနေသေးသည်။
၂ဝ၁ဝ ရွေးကောက်ပွဲဖြင့် တက်လာပြီး အရပ်သားအစိုးရ ဟု မိမိကိုယ်ကို နာမည်ပေးထားသည့် ယနေ့ အစိုးရသစ်မှာ နောက်ကွယ်မှ အာဏာရှင် ကြိုးကိုင်ခံနေရသရွေ့ ကာလပတ်လုံး မည်သို့ပင် နာမည်တပ်တပ်၊ မင်းသားမျက်နှာဖုံးစွပ် ဘီလူး အစိုးရသာ ဖြစ်နေပေလိမ့်မည်။
ယခင်အာဏာရှင်ဟောင်းတဦးဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းသည်လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ ပါတီ) ကို တည်ထောင်လျက် ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲပြဌာန်းခဲ့သည်။ ယင်းအခြေခံ ဥပဒေတွင် “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် တခုတည်းသော နိုင်ငံရေးပါတီဖြစ်၍ နိုင်ငံတော်ကို ဦးဆောင်သည်” ဟု ပြဌာန်းခဲ့သည်။ သို့သော် ထိုပါတီ၏ ဦးဆောင်မှုအောက်တွင် မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ကျင့်သုံးသည်ဆိုသော ဆိုရှယ်လစ်စနစ်သည် တိုင်းပြည်နှင့် လူထုအကျိုးစီးပွားများကို အကြီးအကျယ် ဖျက်ဆီးခဲ့သည်။ အာဏာအလွဲသုံးစား မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်တကွ တံခါးပိတ် စီးပွားရေးဝါဒ ကျင့်သုံးမှုများကြောင့် နောက်ဆုံးတွင် ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံများ စာရင်းတွင် သိက္ခာကျစွာ ပါဝင်လာရတော့သည်။ ဤသို့သောအခြေအနေများကို ဖြစ်စေသည်မှာ နိုင်ငံရေးတွင် လူထုအကျိုးကို ရှေ့တန်းမတင်သော တပါတီစနစ်ဖြင့် မှားယွင်းစွာ ဦးဆောင်သောကြောင့်ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် တနိုင်ငံလုံး လူထုအုံကြွမှုကြောင့် အာဏာရှင်ဦးနေဝင်း၏ မဆလပါတီ ဘုံးဘုံးလဲ ပြိုကျခဲ့သည်။မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်လည်း လမ်းခုလတ်မှာတင် ဆုံးခမ်းတိုင်ပျောက်ကွယ်သွားခဲ့သည်။
ယခုတဖန် နောက်တက် အာဏာရှင်တို့က တပ်မတော်သည် နိုင်ငံရေးတွင် ဦးဆောင်ဦးမည်ဟု ဆိုထားပြန်ရာ လူသာ ပြောင်း၍ အာဏာရှင်စနစ် မပြောင်းလဲသေးဘဲ ဖြစ်နေသောကြောင့် တိုင်းပြည်နှင့်ပြည်သူတို့သာ ထပ်မံ နစ်နာဆုံးရှုံးရ ပေဦးမည်။   
သို့ဖြစ်ရာ အာဏာရှင်အမွေဆိုးကို ပခုံးပြောင်းသယ်ဆောင်လာနေခဲ့ကြသော နောက်ကွယ်မှ စစ်ဗိုလ်ချုပ်များ၊ ရှေ့ထွက် ယူနီဖောင်းချွတ် စစ်ဗိုလ်ချုပ်ဟောင်းများ၊ အာဏာရှင် လက်ကိုင်တုတ်များနှင့် ၎င်းတို့၏ လက်ဝေခံစားများ အနေဖြင့် ဒီမိုကရေစီ ဖော်ဆောင်မည့် “လမ်းပြမြေပုံ”ဟု မည်သို့ပင် အသံကောင်း ဟစ်စေကာမူ သမိုင်းပေးသော သင်ခန်းစာများ အရ နိုင်ငံနှင့်ပြည်သူများအတွက် ဒီမိုကရေစီပန်တိုင်းသို့ မရောက်နိုင်သော “လမ်းပျောက်မြေပုံ”သာ ဖြစ်နေတော့သည်။ 
     
သောင်းညွန့် (U.S.A.)

ကို လွင်အောင်စိုး(Japan) တည်းဖြတ်သည်

Min Thaung Nyunt: မြန်မာ့သမ္မတအသစ်အား တရုတ်နိုင်ငံဧည်ခံကြိုဆို

Min Thaung Nyunt: မြန်မာ့သမ္မတအသစ်အား တရုတ်နိုင်ငံဧည်ခံကြိုဆို: "China fetes new Myanmar president on state visit CHRISTOPHER BODEEN | May 27, 2011 07:46 AM EST | BEIJING ..."

Wednesday, June 22, 2011

မြန်မာ့သမ္မတအသစ်အား တရုတ်နိုင်ငံဧည်ခံကြိုဆို


China fetes new Myanmar president on state visit

CHRISTOPHER BODEEN | May 27, 2011 07:46 AM EST | AP

BEIJING — China bestowed a pomp-filled welcome on Myanmar's president Friday, conferring legitimacy on the country's new, nominally civilian government and ensuring continued Chinese access to its neighbor's natural resources.
မြန်မာ့ သမ္မတ သစ်အား တရုတ်နိုင်ငံက သောကြာနေ့တွင် တခန်းတနား ကြိုဆိုလိုက်ခြင်းအားဖြင့် အဆိုပြုတင်မြှောက်ခံ အရပ်သားအစိုးရသစ်ကို တရားဝင်အသိအမှတ်ပြုလိုက်သကဲ့သို့ဖြစ်ပြီး မြန်မာ့သယံဇာတ ထုတ်လုပ်ရေးအပေါ် တရုတ်နိုင်ငံ အား ဆက်လက်အသုံးပြုခွင့်ပြုကြောင်း အာမခံလိုက်ကြောင်းသိရသည်။
The state visit is Thein Sein's first since Myanmar installed its new government in March, underscoring the importance of the countries' ties. He was welcomed by Chinese President Hu Jintao with a formal ceremony inside the Great Hall of the People, followed by talks between the two and their delegations.မတ်လတွင် မြန်မာအစိုးရသစ်တက်လာပြီးကတဲက ယခုလို နိုင်ငံခြားခရီးစဉ်သည် ဦးသိန်းစိန်၏ ပတမဦးဆုံးခရီးဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးအရေးပါမှုကို အလေးအနက်ပြုသည့်သဘောသက်ရောက်စေသည်။။သူ့အား တရုတ်သမ္မတ ဟူဂျင်တောင်း က အသင့်စီစဉ်ထားသော ခန်းမကြီးအတွင်း နှစ်ဖက်ကိုယ်စားလှယ်များ စကားပြောဆိုဆွေးနွေးခြင်းဖြင့် ကြိုဆိုဧည့်ခံသည်။
Hu and Thein Sein (TANE SANE) then presided over the signing of nine agreements covering cooperation and loans from Chinese state banks to Myanmar for projects including a hydroelectric station and railway.သမ္မတ ဟူဂျင်တောင်းနှင့် သိန်းစိန်တို့နှစ်ဦး ကြီးမှူးပြီး သဘောတူညီချက် ၉ခုတွင်ပါရှိသော ရေအားလျှပ်စစ်စက်ရုံနှင့် မီးရထားလမ်းဆောက်လုပ်ရန်အတွက် တရုတ်အစိုးရဘဏ်မှ မြန်မာနိုင်ငံအားထုတ် ချေးငွေနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ လက်မှတ်ရေးထိုးကြသည်။
Thein Sein was prime minister in the long-ruling military junta that called elections in November – supposedly to usher in civilian rule. Critics say the vote was rigged in favor of Thein Sein's army-backed political party to perpetuate military dominance. Former junta officers largely make up the Parliament and Cabinet of the new government.သိန်းစိန်သည် ကာလအတန်ကြာအုပ်စိုးလာခဲ့သော စစ်အစိုးရလက်ထက်မှာ ၀န်ကြီးချုပ်ဖြစ်ခဲ့ပြီး  အရပ်သားအုပ်ချုပ်ရေးအသွင် ကူးပြောင်းရန်အလို့ငှါ နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ဝေဖန်သုံးသပ်သူများအဆိုအရ စစ်အုပ်ချုပ်ရေးအဓွန့်ရှည်စေရေးအတွက် စစ်တပ်က ကျောထောက်နောက်ခံပြုထားသော နိုင်ငံရေးပါတီအား မဲအသာစီးရအောင် စနစ်တကျ ကြံဖန်ပြုလုပ်ထားသဖြင့်ရွေးကောက်ပွဲရလာဒ်သည် အငြင်းပွါးစရာဖြစ်နေသည် ဟုထောက်ပြထားသည်။ အစိုးရအဖွဲ့သစ်တွင် ယခင် စစ်အစိုးရအရာရှိများတို့ဖြင့်  ပါလီမာန်တွင်အများစု နေရာရယူထားကြသည်။
China, with its juggernaut economy, need for raw materials and desire for stable borders, has been a lifeline for Myanmar, offering trade and investment and overlooking human rights violations and corruption.စီးပွါးရေးအင်အားတောက်တင်လာနေသော တရုတ်နိုင်ငံအနေဖြင့် မြန်မာ့သဘာဝ သယံဇာတ များကို အလိုရှိနေပြီး နယ်စပ်ဒေသ တည်ငြိမ်ရေးကိုလည်းလိုလားခြင်းကြောင့် လူ့အခွင့်အရေးချိုးဖေါက်မှုနှင့်အဂတိလိုက်စားများ ကိုမျက်ကွယ်ပြုလျက် မြန်မာ စစ်အစိုးရနှင့် ကုန်သွယ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းများ ကို အစဉ်တစိုက် ပြုလုပ်ခဲ့သည်။
While Western governments and companies stay away, China and its companies have rushed in, building pipelines to bring in gas and oil, extracting timber and filling markets with consumer goods. Two-way trade soared 50 percent last year to $4.44 billion while Chinese investment totals $12 billion, according to Chinese statistics.အနောက်နိုင်ငံအစိုးရနှင့် ကုမ်ပဏီများ ဝေးဝေးနေစဉ် တရုတ်အစိုးရနှင့်၎င်း၏ ကုမ်ပဏီများ မြန်မာနိုင်ငံထဲသို့ အလျင်အမြန် ၀င်ရောက်ကာ ရေနံနှင့်သဘာဝ ဓါတ်ငွေ့ရယူရန်အတွက် ပိုက်လိုင်းများဖေါက်လုပ်ခြင်း၊သစ်များထုတ်လုပ်ပြီး တရုတ် ဈေးကွက်ကို လူသုံးကုန်ပစ္စည်းများဖြင့်ပြည့်နှက်အောင် ဖြည့်ဆီးထားသည်။ တရုတ် နိုင်ငံစာရင်းအင်း အရ ယမန်နှစ်က နှစ်ဖက်နှစ်လမ်းကုန်သွယ်ရေးတွင် ၅၀%မြင့်တက်ခဲ့ပြီးဒေါ်လာငွေတန်ဖိုး ၄.၄၄ ဘီလီယံ(သန်းတထောင်) ရှိခဲ့စဉ် တရုတ်ရင်းနှီးမြုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၁၂ ဘီလီယံ ရှိခဲ့သည်။
China has also increased its influence by furnishing economic support and military aid and by giving diplomatic protection at the United Nations, where Beijing has vetoed resolutions condemning Myanmar's suppression of protests and other civil liberties.မြန်မာနိုင်ငံအပေါ်တရုတ်သြဇာလွမ်းမိုးမှုတိုးများလာနေကြာင်း မြင်သာသည့် အချက်များမှာ စီးပွါးရေးလိုအပ်ချက်များ ပံ့ပိုးမှု၊စစ်ရေးအကူအညီနှင့် ကုလသမဂ္ဂတွင် သံတမာန်အရေး အကာအကွယ်ပေးမှုဖြစ်သော မြန်မာ့အရေးလှုပ်ရှားမှု ကို ဖိနှိပ်သောစစ်အစိုးရအား ရှုတ်ချသည့် ကုလသမဂ္ဂ ညီလာခံဆုံးဖြတ်ချက် မဲခွဲရာတွင် တရုတ်က ဗီတိုအာဏာသုံးကာ ပယ်ချမှုများဖြစ်လေသည်။
"China's hosting of the visit enhances the legitimacy of the regime and raises the question of whether it is ultimately promoting or undermining efforts toward development and stability in Myanmar," said Huang Jing, an expert on Chinese politics at Singapore National University's Lee Kuan Yew School of Public Policy.
“ယခုလိုလည်ပတ်မှုအားတရုတ်က ဧည့်ခံကြိုဆိုလိုက်ခြင်းကြောင့် တရားမ၀င်စစ်အစိုးရကို တရားဝင်အဖြစ်အသိအမှတ်ပြုရာရောက်ပြီး မြန်မာနိုင်ငံရဲ့တည်ငြိမ်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးသို့ ဦးတည်သော ဆောင်ရွက်မှုအား မြေတောင်မြှောက်ပေးနေတာလား (သို့)ဆုတ်ယုတ်သွားအောင် လုပ်ဆောင်နေတာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်“ဟု ဟန်ဂျင်းက ပြောသည်။ ဟန်ဂျင်းသည် စကာင်္ပူအမျိုးသားတက္ကသိုလ် လက်အောက်ခံ လီကွမ်ယူ ပြည်သူ့မူဝါဒရေးရာကျောင်းမှ တရုတ်နိုင်ငံရေး ပညာရှင်တဦးဖြစ်သည်။
The prestigious welcome to Thein Sein differs sharply from the cool reception he received earlier this month at a summit of the Association of Southeast Asian States, of which Myanmar is a member. In a mild rebuke, the regional grouping delayed giving Myanmar approval to assume ASEAN's rotating presidency in 2014, making it contingent on continued democratic reforms.
ဦးသိန်းစိန်အား ဂုဏ်သရေရှိရှိ ကြိုဆိုမှုသည်ယခုလစောစောပိုင်းက ကျင်းပပြုလုပ်သော အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ထိပ်သီးညီလာခံတွင် သူ့အားအေးတိအေးစက် ကြိုဆိုခဲ့ ပုံနှင့် အတော်အတန် ကွဲပြားခြားနားသည်ကိုတွေ့ရသည်။ ၂၀၁၄ ခုတွင် အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံအားခွင့်ပြုချက်ပေးရန် အဆိုပါနိုင်ငံအုပ်စုက နှေးကွေးတုံ့ဆိုင်းလျက်ရှိပြီး ဒီမိုကရေစီပြပြင်ပြောင်းလဲရေး ဆက်လက်ဆောင်ရွက်ရန်ဖိအားပေးလျက်ရှိပါကြောင်း။

Min Thaung Nyunt: လွတ်တော်အသစ်တွင် လွတ်လပ်စွာမြွက်ကြားခွင့် ကန့်သတ်

Min Thaung Nyunt: လွတ်တော်အသစ်တွင် လွတ်လပ်စွာမြွက်ကြားခွင့် ကန့်သတ်: "Saturday 11/27/10 <a href='http://ar.atwola.com/link/93247956/aol'> <img src='http://ar.atwola.com/image/9..."

Saturday, April 2, 2011

The SPDC is gone, but the junta still there in Burma

AP
NAYPYITAW, Myanmar -- Myanmar's junta was officially disbanded Wednesday after handing over power to a new so-called civilian government, the latest phase of a transition to democracy that has been widely criticized as a sham.
အတုအယောင်ဖြစ်ကြောင်း အများတကာက ဝေဖန်ပြောဆိုနေုခဲ့သော ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေး နောက်ဆုံးအဆင့်အဖြစ် အရပ်သားအစိုးရလိုလို အစိုးရသစ်ထံသို့ အာဏာလွဲအပ်လိုက်ပြီးနောက် မြန်မာစစ်အစိုးရကို တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
The closed-door inauguration of the new government was announced only after it took place, in keeping with the secretive style of Myanmar's military regimes of the past 50 years. Despite the handover, key figures in the former junta including leader Senior Gen. Than Shwe are expected to retain substantial hold over power.
အစိုးရအသစ်၏ တခါးပိတ်အခန်းအနားဖွင့်လှစ်ကြောင်းကြေညာခြင်းကို အခန်းအနားပြီးဆုံးသောအခါမှသာ ထုတ်ပြန်ကြေညာပြီး စစ်အစိုးရက နှစ်၅၀ ကြာကျင့်သုံးခဲ့သောလျှို့ဝှက် အစဉ်အလာကို ထိန်းသိမ်းထားလျှက်ရှိသည်။ထိုသို့ အလွဲအပြောင်းပြုသော်ငြားလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွေအပါအ၀င် ယခင် စစ်အစိုးရထဲက အဓိက ကြိုးကိုင်သူများ ဆက်လက်ပြီး အချုပ်အချာအာဏာကို ကိုင်စွဲထားမည်ဖြစ်ကြောင်း ခန့်မှန်းရပါသည်။
State television and radio reported that the new government headed by President Thein Sein was sworn in by parliament in the remote capital of Naypyitaw. Thein Sein was the junta's prime minister and a top member of the previous military government. သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သစ်သည် ဝေးလံသော နေပြည်တော်ရှိ ပါလီမာန်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း နိုင်ငံတော် ရုပ်သံအစီအစဉ်မှ ကြေညာသည်။

Myanmar, which has been ruled by the military since 1962 and is also known as Burma, held its first elections in 20 years in November, though there has been little indication since of real democratic changes.
၁၉၆၂ ခုနှစ်ကတဲက စစ်အစိုးရအုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံသည် အနှစ်၂၀ အတွင်း ပထမ ရွေးကောက်ပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကျင်းပခဲ့သော်လည်း စစ်မှန်သော ဒီမိုကရက်တစ် အပြောင်းအလဲအတွက်  ရေးရေးမျှသာ အရိပ်အရော့င်တွေ့ရလေသည်။
The news reports said the new government's arrival marked the end of the junta's longtime ruling party, the State Peace and Development Council, or SPDC, which has been in power since 1988.
ယခုလို အစိုးရအသစ်ပေါ်ပေါက်လာခြင်းသည် ၁၉၈၈ ခုကတဲက အုပ်ချုပ်လာခဲ့သော နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအား အဆုံးသတ်လိုက်ခြင်း အထိမ်းအမှတ်ဖြစ်ကြောင်း သတင်းများက ဆိုသည်။

"The SPDC is officially dissolved," state media reported, saying that the dissolution was ordered by Than Shwe, who wielded absolute power since 1992.
“နအဖ“ ကို တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာနမှ ကြေညာပြီး အဆိုပါ ဖျက်သိမ်းခြင်းကို ၁၉၉၂ ခုက အကြွင်းမဲ့အာဏာရှင်ဖြစ်သူ ဦး သန်းရွေ ကအမိန့်ပေးခဲ့ခြင်းကြောင်းသိရှိရသည်။ကြေညာချက် ပြီးလျင်ပြီးချင်း အစိုးရ ရုံးများတွင် အပြောင်းအလဲများ လုပ်ဆောင်ခဲ့သည်။
Almost immediately after the announcement, government offices underwent a makeover.

Signs outside the junta's Peace and Development Council offices nationwide came down and were replaced with new ones saying: "General Administration Office." The new and old signs were similar shades of dark green, the same color used by Thein Sein's ruling party, which is seen as a proxy for the junta.
တနိုင်ငံလုံး စစ်အစိုးရရုံးများရှေ့တွင်ရှိ ဆိုင်းဘုတ်များကို ဖြုတ်ချလိုက်ပြီး “အထွေထွေ အုပ်ချုပ်ရေးရုံး“ ခေါ်ဆိုင်းဘုတ်အသစ်အား အစားထိုးလိုက်သည်။ အသစ်နှင့်အဟောင်းသည် အရွယ်တူအစိမ်းနက်အရောင်ဖြစ်ပြီး စစ်အစိုးရ လက်ကိုင်တုတ် ဦးသိန်းစိန်၏ ကြုံဖွံ့ပါတီ၏ အရောင်နှင့်အဆင်းတူဖြစ်သည်။
State media did not mention what becomes of Than Shwe. The dissolution of his party would render him effectively retired, but he is expected to remain a dominant force.ဦးသန်းရွေ ဘာဖြစ်လာမလဲဆိုတာ နိုင်ငံသတင်းမီဒီယာက ဖေါ်ပြခြင်းမရှိပါ။ သူ့အဖွဲ့ကို ဖျက်သိမ်းလိုက်ခြင်းသည် သူ့အားအနားယူစေသည့် သဘော သက်ရောက်စေမည်ဖြစ်သော်လည်း သူသည်လွမ်းမိုးမှုရှိသော အင်အားတခုအဖြစ် ကျန်ရစ်နေဦးမည်ဟု ခန့်မှန်းနေကြသည်။ အသက် ၇၈ နှစ်ရှိပြီးဖြစ်သူ ဦးသန်းရွေသည် သူ၏ နအဖ နှင့် တပ်မတော်ဦးစီးချုပ်ရာထူးနှစ်ခု စလုံးကို လက်လွှတ်လိုက်ပြီ ဖြစ်သည်။
The 78-year-old now no longer holds his two official posts - as SPDC chairman and armed forces commander.

Gen. Min Aung Hlaing, a senior defense official, was named the new commander of Myanmar's armed forces, said lawmaker Phone Myint Aung, who attended the inauguration.
ထိပ်တန်း ကာကွယ်ရေး အရာရှိဖြစ်သူ ဗိုလ်ချုပ် မင်းမောင်လှိုင် အား မြန်မာ့တပ်မတော်၏ အကြီးအကဲ အသစ် အဖြစ်ခန့်အပ်လိုက်ကြောင်း ဖွင့်ပွဲသို့ တက်ရောက်ခဲ့သော ဥပဒေပြု သူ ဖုန်းမြင့်အောင် ကပြောသည်။
The new government's 30-member Cabinet is dominated by former military officers who retired in order to run in last November's elections. About a dozen of the ministers were members of the junta's Cabinet. Only four of the appointees are strictly civilian.
အဆိုပါအဖွဲ့ဝင် ၃၀ ဦးပါရှိသော အစိုးရအဖွဲ့သစ်သည် နိုဝင်ဘာလရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရန်အတွက် စစ်တပ်တာဝန်မှ အနားယူခဲ့သော ယခင် တပ်မတော်အရာရှိများ ကစိုးမိုးအုပ်ချုပ်လေသည်။ တဒါဇင်ခန့်ရှိသော ၀န်ကြီးများသည် စစ်အစိုးရ၏ ကက်ဘိနက် ၀န်ကြီးအဖွဲ့ဝင်များဖြစ်သည်။ ၎င်းတို့အထဲမှ ခန့်အပ်ခံရသူ လေးဦးလောက်သာလျင် စစ်အစိုးရ အလိုကျ အရပ်သားများဖြစ်ကြသည်။
Critics say last year's elections were orchestrated by the junta to perpetuate military rule. With one quarter of the seats in parliament filled by military appointees, and a large majority of the remaining seats won by a military-backed party, the army retains power.
ယမန်နှစ်ရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးအဓွန့်ရှည်ရေးအတွက် စစ်အစိုးရတို့၏ ပယောဂဖြင့်စံမံခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။လွှတ်တော် အမတ်နေရာ၏ လေးပုံတပုံမှာ စစ်တပ်ကခန့်အပ်သော သူများက နေရာယူထားပြီး ကျန်အများစု နေရာသည်လည်း စစ်ဖက်က ပံ့ပိုးခဲ့သော အနိုင်ရပါတီဝင်မှ ဖြစ်သဖြင့် စစ်တပ်ကသာ အာဏာလက်ရှိ ဖြစ်သည်။
The party of Nobel laureate Aung San Suu Kyi, which won the last elections in 1990 but was blocked from taking power by the military, boycotted November's vote, calling it unfair. Much of the international community also dismissed the elections as rigged in favor of the junta.
၁၉၉၀ ခုရွေးကောက်ပွဲ အနိုင်ရခဲ့သော နိုဘယ်ဆုရှင် အောင်ဆန်းစုကြည်ပါတီသည် နိုင်ငံရေးအာဏာ ကိုရယူရန်မှ တားဆီးခြင်းခံရပြီး နိုဝင်ဘာလ မတရား ရွေးကောက်ပွဲ ကို သပိတ်မှောက်ထားသည်။ စစ်အစိုးရအလိုကျ တဖက်သတ် ဆောင်ရွက်ထားသော အငြင်းပွါးစရာရွေးကောက်ပွဲ ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ပယ်ဖျက်ခဲ့သည်။
Suu Kyi who still heads the opposition group, the National League for Democracy, said she hoped relations with the new government would be better.
အတိုက်ခံ အုပ်စုဖြစ်သော အမျိုးသား ဒီမိုက်ရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်စုကြည် က အသစ်ပေါ်ပေါက်လာသော အစိုးရနှင့် ဆက်ဆံရေး  ပိုမို အဆင်ပြေလိမ္မည်ဟု မျှော်လင့်ပါကြောင်း ထုတ်ဖေါ်ပြောကြားသည်။
"We always want good relations with the government. I hope that the relationship improves," Suu Kyi said over the weekend. "We will work for good relations."“ကျမတို့ကတော့ အစိုးရနှင့် ကောင်းသော ဆက်ဆံရေးကို အမြဲတန်း လိုလားပါတယ်၊ ဆက်ဆံရေး တိုးတက်လာတယ်လို့ မျှော်လင့်ပါတယ၊်ဆက်ဆံရေးကောင်းဖို့လည်း ကျမတို့ လုပ်ဆောင်ရမယ်“ဟု ဒေါ်စုကြည်က ပြောသည်။

Wednesday, March 2, 2011

မြန်မာ့ရသုံးငွေစာရင်း၏ ၂၅%ကို စစ်တပ်အတွက် အသုံးပြု

YANGON, Myanmar -Nearly one-quarter of Myanmar's new national budget will go to defense, an official publication reported Tuesday, following an election that was supposed to hand power to a civilian government after decades of military rule.
မြန်မာ့ အမျိုသားးရသုံးငွေ၏ လေးချိုးတစ်ချိုးအား စစ်တပ်ကာကွယ်ရေးအတွက် အသုံးပြုမည်ဖြစ်ကြောင်း အင်္ဂါနေ့တွင်ထုတ်ပြန်သော တရားဝင် အစီရင်စာအရ သိရသည်။၎င်းထုတ်ပြန်ချက်သည် ဆယ်စုနှစ်ကြာ စစ်အစိုးရအုပ်ချုပ်လာခဲ့ပြီးနောက် နိုင်ငံရေးအာဏာကို  အရပ်သားအစိုးရလက်ထဲသို့ လွဲအပ်ရတော့မည့် ရွေးကောက်ပွဲပြီးနောက်တဆက်ထဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။
A newly elected parliament met in January for the first time in two decades but apparently was not given oversight of the budget: The document was enacted before the legislature sat on Jan. 31, according to the Government Gazette.
အနှစ်၂၀အတွင်း ပထမ အကြိမ်အဖြစ် ဇန်န၀ါရီလတွင် အသစ်ရွေးချယ်ခန့်အပ်ခံရသောပါလီမန်အစည်းအဝေးခေါ်ယူကျင်းပ သော်လည်း ၎င်းဘတ်ဂျက်ငွေစာရင်းကို သိသိသာသာ သုံးသပ်ခွင့်မပြုပါ။ အဆိုပါ စာရွက်စာတမ်းကို ဥပဒေပြုအဖွဲ့ အစည်းအဝေးမထိုင်ခင် ဇန်န၀ါရီလ ၃၁ ရက်နေ့က အတည်ပြုပြဌာန်းခဲ့ပြီးဖြစ်ကြောင်း အစိုးရထုတ်စာစောင်အရ သိရသည်။
That wasn't the only sign that the transfer of power from the ruling junta — many of whose members resigned in order to run as "civilians" — may happen in name only.၎င်းသည် အုပ်ချုပ်သူ စစ်အစိုးရ၏ အာဏာလွဲအပ်သည့်အရိပ်လက္ခဏာ မျှသာမဟုတ်၊ စစ်တပ်ဖွဲ့ဝင် အတော်များများလည်း အရပ်သားအစိုးရအဖြစ်ပါဝင် ဆောင်ရွက်ရန်အတွက် တာဝန်မှ နှုတ်ထွက်ခဲ့ကြပြီး အမည်ခံမျှသာ ဖြစ်သော ပါလီမာန်ဖြစ်မည်။
The budget earmarked 20 billion kyat (about $22 million at free market rates of exchange) for the office of the State Peace and Development Council, the official name of the junta. It had been widely assumed the junta would be officially abolished under the new regime.
နိုင်ငံတော်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ခေါ်စစ်အစိုးရရုံးအတွက် သီးသန့်အသုံးစရိတ်အဖြစ် ကျပ်ငွေ ထောင်ပေါင်းသန်း ၂၀(ဒေါ်လာငွေ ၂၂ သန်း) ကို ဘတ်ဂျက်ငွေမှ ရယူမည်ဖြစ်သည်။ အသစ်တက်လာမည့် အစိုးရလက်အောက်တွင် စစ်အစိုးရကို တရားဝင်ပယ်ဖျက်တော့မည်ဟု လည်းအများက ယူဆနေကြသည်။
The gazette reported that 1.8 trillion kyat ($2 billion), or 23.6 percent of the budget this year, will go to defense. The health sector, meanwhile, will get 99.5 billion kyat ($110 million), or 1.3 percent.သတင်းစာစောင်၏ အစီရင်ခံစာအရ ယခုနှစ် ရသုံးငွေစာရင်း၏ ၂၃.၆%(သို့) ကျပ်ငွေ၁.၈ သန်း(သုံးထောင်)ကို ကာကွယ်ရေးအတွက်အသုံးပြုမည်ဖြစ်ကြောင်းဖေါ်ပြထားသည်။လတ်တလော ကျန်းမာရေးကဏ္ဌအတွက်ကျပ်ငွေ ၉၉.၅ သန်း(ထောင်ပေါင်း) ဒေါ်လာငွေ သန်း ၁၁၀ (သို့) ရသုံးငွေ၏ ၁.၃%ကို ရရှိမည်။
Myanmar is one of Asia's poorest countries, reflected in its health indicators. It had the 44th highest infant mortality rate of the 193 countries listed by the UNICEF in its 2011 State of the World's Children report.မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများထဲတွင် အဆင်းရဲဆုံးဖြစ်ပါကြောင်း ၎င်း၏ ကျန်းမာရေးအညွှန်းပြကိန်းက ထင်ဟပ်နေပါသည်။ နိုင်ငံပေါင်း၁၉၃ ၏ ၄၄ မြောက် အမြင့်ဆုံး လူမမယ်ကလေး သေဆုံးမှုရှိကြောင်း ကမ္ဘာ့ကလေးများပါဝင်သောရံပုံငွေအဖွဲ့ UNICEF၏ ၂၀၁၁ ခုနှစ် အစီရင်ခံစာ စာရင်း မှတ်တမ်းတွင်ပါရှိသည်။
The budget was not been publicized in the mass media, a pattern that has held for at least a decade.လူထုပြန်ကြားရေးမီဒီယာတွင်မူ အဆိုပါ ဆယ်စုနှစ်မက ဖုံးဖိထားခဲ့သော ဘတ်ဂျက်စီမံကိန်း ကို လူသိရှင်ကြားပြည်သူများအား အသိပေး ထုတ်ပြန်ခြင်းမရှိပါ။
The energy sector will receive the second largest budget share, getting over 1 trillion kyat ($1.1 billion) or about 13 percent of the 7.6 trillion kyat ($8.45 billion) budget. ဘတ်ဂျက်ခွဲတမ်းဒုတိယအများဆုံးကိုစွမ်းအင်ကဏ္ဋ က ရရှိမည်ဖြစ်ပြီး ကျပ်ငွေ သန်းသုံးထောင် သို့မဟုတ် ရသုံးငွေစာရင်းကျပ်ငွေ၇.၆ သန်း(သုံးထောင်)၏ ၁၃% ဖြစ်သည်။ဒေါ်လာငွေအားဖြင့် ၈.၄၅ သန်း(ထောင်ပေါင်း)။

budget. Myanmar has vast reserves of natural gas, which is the country's leading export commodity, and is starting large-scale development of hydropower.မြန်မာနိုင်ငံတွင် အဓိကပို့ကုန်ပစ္စည်းဖြစ်သော သဘာဝဓါတ်ငွေ့ အမြောက်အများ သိုမှီးထားသည်။
The education sector will receive 314 billion kyat ($349 million), or 4.13 percent.ပညာရေးကဏ္ဋအတွက် ရရှိမည့်ခွဲတမ်းမှာ ကျပ်ငွေ သန်းထောင်ပေါင်း၊ ၃၁၄ သန်း၊ဒေါ်လာငွေအရ သန်း၃၄၉၊(သို့) ၄.၁၃%ုဖြစ်သည်။
The budget also makes no provisions for two new ministries established by parliament last month, the Ministry of the President's Office and the Ministry of Myanma Industrial Development.ပြီးခဲ့သောလက ပါလီမာန်က ထူထောင်ခဲ့သော ၀န်ကြီးဌာနအသစ်နှစ်ခု ဖြစ်သော သမ္မတရုံး နှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဇုံ တို့အတွက် အဆိုပါဘတ်ဂျက်က သတ်မှတ်ထားချက်မရှိပါကြောင်း ။

Thursday, January 13, 2011

စစ်မှုထမ်းဥပဒေမူကြမ်း စစ်အစိုးရ ထုတ်ပြန်

အမျိုးသား၊အမျိုးသမီးများအတွက် စစ်မှုထမ်းဥပဒေ မူကြမ်းကို စစ်အစိုးရ ကထုတ်ပြန်
ဇန်န၀ါရီိီလ ၉ ရက်၊

အေပီသတင်း

မြန်မာစစ်အစိုးရက အရွယ်ရောက်သူ ကျား/မတိုင်း စစ်မှုထမ်းရမည့်ဥပဒေတရပ် ကို ပြဌာန်းလိုက်ပြီး အဆိုပါဥပဒေအား တိမ်းရှောင်ပါက ထောင်ဒဏ် ၅ နှစ်ကျခံစေရမည်ဖြစ်ကြောင်း တနလာင်္နေ့တွင် မြင်လိုက်ရသောတရားဝင် စာရွက်စာတမ်းအရသိရသည်။ လောလောဆယ်တွင် မြန်မာနိုင်ငံသည် အပျော်တမ်းစစ်အမှုထမ်းစနစ်ကို ကျင့်သုံးနေသည်။.နိုဝင်ဘာလ ၄ ရက်နေ့ရက်စွဲထုတ် ယင်း ဥပဒေသည် လူသိရှင်ကြား မကြေညာရသေးသော်လည်း အာဏာရ စစ်ကောင်စီမှ တောင်းဆိုလာပါက ဥပဒေအဖြစ် အသက်ဝင်လာမည်ဖြစ်ကြောင်း စောင်ရေအကန့်အသတ်ဖြင့်ထုတ်ဝေလိုက်သော တရားဝင် သတင်းစာကဖေါ်ပြသည်။

မြန်မာ့ စစ်သည်အင်အား ၄၀၀၀၀၀ သည် ကမ္ဘာပေါ်တွင်စစ်သား အများဆုံးနိုင်ငံ စာရင်းတွင် ပါရှိသည်။ ၎င်းတပ်သားများသည် မြန်မာ့နိုင်ငံကို ထိန်းချုပ်နေသော ဗဟိုလ် အစိုးရမှ ကိုယ်ပိုင်ပြဌာန်းခွင့် တောင်းဆိုနေသော တိုင်းရင်းသားသူပုန်များတို့နှင့် ဆက်လက် တိုက်ပွဲဆင်နွဲနေရဆဲဖြစ်သည်။
.
မြန်မာစစ်အစိုးရ၏ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများက မိမိတို့အခွင့်အရေးဆုံးရှုံးသည်ဟု အကြောင်းပြကာ လက်မခံနိုင်ကြောင်း ငြင်းဆန်နေမှုကြောင့် စစ်ရေးပဋိပက္ခများ ပြန့်နှံ့သွာနိုင်မည် လေ့လာသုံးသပ်သူများက ဆို၏။
အသက်၁၈နှစ်မှ ၄၅ နှစ်ရှိသူ ယောက်ျားတိုင်းနှင့် မိန်းမဖြစ်လျင် အသက် ၁၈နှစ်မှ ၃၅ နှစ်ရှိသူတိုင်း ၂နှစ် တာ စစ်မှုထမ်းစေနိုင်ပြီး နိုင်ငံတော် အရေးပေါ်အခြေအနေတွင် ၅ နှစ်ထိ တိုး၍ထမ်းဆောင်စေနိုင်ကြောင်း အဆိုပါ ဥပဒေ က ဖွင့်ဆိုဖေါ်ပြထားသည်။လိင်(ကျား၊မ) နှစ်မျိုးစလုံး အသက် ၁၈နှစ်က စပြီး မှတ်ပုံတင်ရန်လိုအပ်ကြောင်း သိရသည်။


စစ်မှုထမ်းရန်အတွက် ကိုယ်တိုင်စာရင်းပေးသွင်းရန် ပျက်ကွက်သူများအား ထောင်းဏ် ၃ နှစ် သော်လည်းကောင်း၊ငွေဒဏ်သော်လည်းကောင်း (သို့) နှစ်မျိုးစလုံး ကျခံရမည်ဖြစ်ပြီး အဆိုပါ စစ်မှုထမ်းဥပဒေကို တိမ်းရှောင်လိုသော ရည်ရွယ်ချက်ဖြင့် မိမိကိုယ်မိမိ  မသန်မစွမ်းဖြစ်အောင် ပြုလုပ်ပါက ထောင်ဒဏ် ၅နှစ် သော်လည်းကောင်း၊ ငွေဒဏ်သော်လည်းကောင်း (သို့) နှစ်မျိုးစလုံးကျခံစေနိုင်ကြောင်း ဖေါ်ပြထားသည်။
အမျိုးသားလုံခြုံရေး ဘေးအန္တရယ်နှင့် ကြုံတွေ့   စဉ်အခါဖြစ်လျင် စစ်မှုထမ်းရန် အရည်အချင်းပြည့်သူအားလုံး(သို့) တချို့တို့အား အစိုးရမှ ခေါ်ယူစုဆောင်းနိုင်သည်။

.အစိုးရ ၀န်ထမ်းများ၊ကျောင်းသားများ၊ ထောင်ကျခံနေရသူများ(သို့) မိအိုဖအိုများအား ပြုစုစောင့်ရှောက်နေသူများ စစ်မှုထမ်းရန်မှ ယာယီရွေ့ဆိုင်းပိုင်ခွင့်ရမည်ဖြစ်သော်လည်း နောင်တချိန်တွင် ပြန်လည်ခေါ်ယူပြီး အမှုထမ်းစေမည်ဖြစ်သည်။ ဘာသာဝင်များ၊ ကလေးရှိသူ ကွာရှင်းမှုပြုထားသော အမျိုးသမီးများနှင့် မသန်မစွမ်းသူများ လုံးဝ ကင်းလွတ်ခွင့်ရှိသည်။