Saturday, December 25, 2010

မြန်မာ့ ဗိုလ်ချုပ်အား လူမိုက် ဟု လီကွမ်ယူက ခေါ်ဆို

မြန်မာ့စစ်ဗိုလ်ချုပ် အား ”လူမိုက်” တွေဟု ၀ီကီလိခ်တွင် လီကွမ်ယူ ကဆို

WikiLeaks: Singapore Lee says Myanmar 'stupid'

Updated: Dec 15, 2010 - 3:03AM
AP
SINGAPORE -Singapore statesman Lee Kuan Yew called Myanmar's junta leaders "stupid" and "dense" in conversations with U.S. diplomats, according to classified documents released this week by WikiLeaks.
မြန်မာ့စစ်အစိုးရခေါင်းဆောင်များကို “ငမိုက်သား နှင့် ထိုင်းမိုင်းသူများ“ ဟု ခေါ်ဝေါ်ကြောင်း အမေရိကန်သံတမာန်များနှင့် စကားစမြည်ပြောဆိုရာတွင် စကာင်္ပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယူ ကသုံးနှုံးခဲ့ခြင်းကို  ယခုတပတ် ထုတ်ဝေလိုက်သော ၀ီကီလိခ်၏ လျှို့ဝှက်စာရွက်စာတန်းအရ သိရသည်။
The Singapore leader said dealing with Myanmar's military regime was like "talking to dead people," according to a confidential U.S. briefing on a 2007 conversation between Lee and U.S. Ambassador Patricia L. Herbold and Deputy Assistant Secretary of State Thomas Christensen released by WikiLeaks.ဆက်ပြီး စကာင်္ပူ ခေါင်းဆောင်ဟောင်းက မြန်မာ စစ်အစိုးရ နှင့် ဆက်ဆံရတာဟာ လူသေကောင်တွေနဲ့ စကားပြောရသလိုပါဘဲ ဟုပြောကြောင်း ၂၀၀၇ ခုနှစ် အမေရိကန် အတွင်းရေးရာ အကျဉ်းရုံးမေးမြန်းပြောဆိုချက်အရ မစ္စတာ လီကွမ်ယူနှင့်အမေရိကန် သံအမတ် ပက်ထရီရှား အယ် ဟာဘိုးလ် ၊ဒုလက်ထောက် နိုင်ငံခြားရေးမှူး သောမတ် ခရစ်တင်းစင်တို့အကြား အပြန်အလှန်ပြောဆိုမှုကို ၀ီကီလိခ် က ထုတ်ပြန်လိုက်သည်။

The 87-year-old Lee is known for his outspoken and blunt assessments of world affairs, but avoids publicly insulting the leadership of foreign countries. Lee was prime minister from 1959 to 1990 and remains a senior adviser to his son, current Prime Minister Lee Hsien Loong.
အသက်၈၇နှစ်အရွယ်ရှိ ပြီဖြစ်သော မစ္စတာ လီ သည်မိမိ၏ ဒဲ့ဒိုးပြောဆိုတတ်သော အလေ့အထ နှင့် ကမ္ဘာ့ရေးရာ တွင်ရှင်းရှင်းဘွင်းဘွင်း ပြောဆိုတတ်ခြင်းဖြင့် ၀င်ဆံ့သူဟု ကျော်ကြားသူ ဖြစ်ပေမဲ့လည်း နိုင်ငံတကာ ခေါင်းဆောင်များကိုမူ လူသိရှင်ကြား စော်ကားခြင်းမျိုးကို ရှောင်ရှားသည်။သူသည် ၁၉၅၉ ခု မှေ၉၉၀ ခုနှစ်အထိ ၀န်ကြီးချုပ်ဖြစ်ခဲ့ပြီး လက်ရှိ သားဖြစ်သူ ၀န်ကြီးချုပ်လီရှန်လွန်း၏ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် လည်းဖြစ်သည်။

A cable released by Wikileaks a couple of weeks earlier quotes Lee calling North Korea's leaders "psychopathic types with a 'flabby old chap' for a leader who prances around stadiums seeking adulation." The reference to North Korean leader Kim Jong Il is from a cable citing a May 2009 conversation between Lee and U.S. Deputy Secretary of State James Steinberg.
မစ္စတာ လီက မြောက်ကိုးရီးယားခေါင်းဆောင် အား“ စိတ်မူမမှန် မသန်မစွမ်းသူ က ပွဲလည်တင့်ချင်သည့် ခေါင်းဆောင်”ဟု ခေါ်ဝေါ်လိုက်ကြောင်း ၀ီကီလိခ် ကဖေါ်ပြထားသည်။အဆိုပါ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအီး ကို ရည်ညွန်းပြောဆိုချက်သည် ၂၀၀၉ခုနှစ် မေလ တွင်ပါရှိသော လီကွမ်ယူနှင့် အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိန်းစ် စတိန်းဘာတ် တို့အကြား အပြန်အလှန်စကားစမြည်ပြောဆိုခဲ့သော ကြေးနန်းမှ ကိုးကားချက်ကိုဖေါ်ပြသည်။
 Lee has not commented on the releases, while Singapore's government has dismissed them as "gossip" and cautioned against taking them out of context.
အဆိုပါ ဖေါ်ထုတ်မှုအပေါ် လီကွမ်ယူက တစုံတရာ မှတ်ချက်ချ စကားမပြောဆိုခဲ့ပါ၊စကာင်္ပူအစိုးရ မှာမူ ၎င်းအရာသည် အတင်းအဖြင်းစကားဟု သတ်မှတ်ကာ ပယ်ချထားလိုက်ပြီး သတိကြီးစွာဖြင့် ရေငုံနှုတ်ပိတ်နေခဲ့သည်။
In the most recently released cable, Lee said China had the most influence over Myanmar's leadership of any foreign country and that Beijing was worried the country would "blow up" and thus threaten Chinese investments there.
တရုတ်နိုင်ငံသည် တခြားနိုင်ငံများအထဲတွင် မြန်မာစစ်အစိုးရအပေါ် သြဇာပိုမို ရှိပုံရပြီး မိမိတို့၏ စီးပွါးရေးရင်းနှီးမြှုပ်နှံထားမှုအခြေအနေကြောင် နိုင်ငံ ဗရိုဖရဲဖြစ်သွာမည်ကို စိုးရိမ်နေကြောင်း မကြာမီက ထုတ်ပြန်လိုက်သော ကြေးနန်းတွင် ဖေါ်ပြထားချက်အရ မစ္စတာလီ ကပြောသည်။
"Lee expressed his scorn for the regime's leadership," the leaked cable said. "He said he had given up on them a decade ago, called them 'dense' and 'stupid' and said they had 'mismanaged' the country's great natural resources."
“မြန်မာစစ်အစိုးရ ကို လွန်ခဲ့သည့် ဆယ်စုနှစ်ကတဲကမစ္စတာ လီက လက်မြောက်ခဲ့ပြီး သူတို့အား ငမိုက်သား ၊ငတုံး တွေုဟု ခေါ်ဝေါ်လိုက်ပြီး နိုင်ငံ၏ အဖိုးတန် သဘာဝ အရင်းအမြစ်များကို အလွဲသုံးစား လုပ်ခဲ့ကြောင်း အဆိုပါ ကြေးနန်းပေါက်ကြားချက် အရ သိရသည်။
Lee said India was engaging Myanmar's leadership in a bid to minimize China's influence, but that "India lacked China's finer grasp of how Burma worked," according to the cable.
အိန္ဒိယနိုင်ငံက မြန်မာ စစ်ခေါင်းဆောင်းများကို ချဉ်းကပ်ရခြင်းအကြာင်းမှာ တရုတ်နိုင်ငံ၏ သြဇာလွမ်းမိုးမှုနည်းသွားစေရန် အားထုတ်ခြင်းသာ ဖြစ်ပေမဲ့လည်း တရုတ်အစိုးရ၏ မြန်မာနိုင်ငံနှင့် အလုပ်ဖြစ်နေမှုလောက် အိန္ဒိယက လက်လှမ်းမမှီသေး ဟု ကြေးနန်းအရ မစ္စတာ လီကွမ်ယူကပြောသည်။
Lee said a group of less 'obtuse' younger military officers could take control and share power with democracy activists, "although probably not with Aung San Suu Kyi, who was anathema to the military."ဆက်ပြီး အနည်းအကျဉ်းသာ ထုံထိုင်းမိုက်မဲသော  စစ်အရာရှိငယ်များ နိုင်ငံကို ထိန်းချုပ်မှုပြုလုပ်လာနိုင်ပြီး  ဒေါ်အောင်ဆန်းစုကြည်နှင့် မဟုတ်သည့်တိုင်၊စစ်အစိုးရနှင့် အစေးမကပ်သော ဒီမိုကရေစီအရေး တက်ကြွနိုးကြားသူများနှင့် အာဏာခွဲဝေမှုရှိလာနိုင်ကြောင်း မစ္စတာလီက ပြောသည်။

After more than seven years under house arrest, pro-democracy leader Suu Kyi was released Nov. 13, a week after Myanmar's first election in 20 years, which were won overwhelmingly by a pro-military party. Critics have slammed the polling as a sham aimed at cementing military rule.
နေအိမ်တွင် ၇ နှစ်ကျော် အကျယ်ချုပ်ကျခံခဲ့ပြီး နိုဝင်ဘာလ ၁၃ ရက်တွင် စစ်အစိုးရ နောက်ခံပြု ပါတီက အပြတ်အသတ်အနိုင်ရလိုက်သောအနှစ်၂၀ အတွင်း ပထမအကြိမ်ရွေးကောက်ပွဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာသည်။ ဝေဖန်သုံးသပ်သူများက ရွေးကောက်ပွဲသည် စစ်အစိုးရအ  သက်ဇိုးရှည်ရေးအတွက်သာ ရည်ရွယ်သော အတုအယောင် ရွေးကောက်ပွဲ ဖြစ်ကြောင်းရှုတ်ချခဲ့သည်။
Singapore has questioned the veracity of some documents purportedly leaked by Wikileaks and published by some Australian newspapers. The reports quote Singapore diplomats as making unflattering remarks about Malaysia, India, Japan and Thailand during meetings with U.S. diplomats.
သြစတြေးလျား သတင်းစာတချို့တွင် ဖေါ်ပြခဲ့ပြီး ၀ီကီလိခ်မှ ပေါက်ကြားခဲ့သော  အချို့စာရွပ်စာတမ်းများ၏တိကျမှန်ကန်မှုကို စကာင်္ပူက စစ်ဆေးနေပြီဖြစ်သည်။ အဆိုပါအစီရင်ခံစာ အရ စကာင်္ပူ သံတမန်များသည် မလေးရှား၊အိန္ဒိယ၊ဂျပန် နှင့် ထိုင်းနိုင်ငံနှင့်ပါတ်သက်သော ဆီလျော်မှုရှိသည့် သဘောထားမှတ်ချက် ကို အမေရိကန်သံတမာန်များနှင့်တွေ့စဉ် ပြောကြားခဲ့ကြောင်း ကိုးကားထားသည်။
In a statement issued late Tuesday, Singapore's Foreign Ministry said "what Singapore officials were alleged by WikiLeaks to have said did not tally with our own records."“၀ီကီလိခ် ကစွပ်စွဲချက်တွေဟာ ကျနော်တို့ ကိုယ်ပိုင်မှတ်တမ်းမှတ်ရာကို မထိခိုက်ပါ“ဟု စကာင်္ပူနိုင်ငံခြားရေးဝန်ကြီးဌာနက သဘောထားထုတ်ပြန်ကြေညာချက်တွင် ပြောကြားသည်။

"One purported meeting (between Singapore and U.S. diplomats) did not even take place," it said.
“စကာင်္ပူနှင့်အမေရိကန်သံအရာရှိအကြား တကယ်တွေ့ဆုံမှုတခုမှ မရှိခဲ့ပါ”ဟု ၎င်းကဆက်ပြောသည်။
Singapore Foreign Affairs Minister George Yeo told reporters earlier this week that, in any case, such cables were interpretations of conversations by U.S. diplomats, and therefore shouldn't be "over-interpreted."
အဆိုပါကြေးနန်းတွေဟာ အမေရိကန်သံတမာန်များနှင့် စကားစမြည်ပြောခြင်းသာဖြစ်လို့  အကျယ်ချဲ့ပြီး စကားမပြန်ဆိုသင့်ပါဟု စကာင်္ပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ ယို က သတင်းထောက်များအား ယခုအပတ်စောစောပိုင်းက ပြောသည်။
"These are in the nature of cocktail talk," Yeo said. "It's always out of context. It's gossip."
“အဲတာဟာ အရက်ဝိုင်းထဲက စကားပြောဟန်တွေပါ၊ မဆီမဆိုင်တဲ့အရာတွေ၊ အတင်းအဖြင်းစကားတွေပါပဲ“ ဟု မစ္စတာ ယိုက ပြောသည်။

Wednesday, December 1, 2010

သံသယမကင်းသော ရွေူးကောက်ပွဲရလာဒ် စစ်အစိုးရရှင်းလင်းချက် ထုတ်ရန် တာဝန်ရှိ

Sunday 11/28/10

UN envoy: Myanmar must address criticism of polls

သံသယဖြစ်ဖွယ် ရွေးကောက်ပွဲ ကိစ္စ စစ်အစိုးရ ရှင်းလင်းချက်ပြုရမည် ဟု ကုလ သံကိုယ်စားလှယ်က ဆို
YANGON, Myanmar -A U.N. special envoy to Myanmar said Sunday he told its military government that it must address concerns about recent elections, which critics charge were rigged.ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တဦးက မြန်မာစစ်အစိုးရအား ဝေဖန်သူများက လက်မခံနိုင်ကြောင်း စွပ်စွဲထားသော မကြာမီက သံသယဖြစ်ဖွယ်ရွေးကောက်ပွဲ ကိစ္စကို ရှင်းလင်းဖြေကြားရမည် ဟုတနင်္ဂနွေတွင် ပြောသည်။
Vijay Nambiar, who is also chief of staff for U.N. Secretary-General Ban Ki-moon, spoke Sunday to reporters as he was ending a two-day visit.ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်  ဘန်ကီမွန်း၏  အရာရှိချုပ်ဖြစ်သူ ဗွီဂျေး နမ်ဘီယာက  သူ၏နှစ်ရက်ကြာအလည်ပတ်ခရီးပြီးဆုံးချိန်တနင်္ဂနွေ့တွင် သတင်းထောက်များကို ယင်းသို့ပြောကြားခြင်းဖြစ်သည်။
He said he listened to as many parties as possible about their "hopes, expectations and concerns at this critical juncture" following the Nov. 7 polls and the release of opposition leader Aung San Suu Kyi from house arrest.ဆက်လက်ပြီးသူက နိုဝင်ဘာလ ၇ ရက်ရွေးကောက်ပွဲပြီးဆုံးခြင်း၊နေအိမ်အကျယ်ချုပ်မှ အတိုက်ခံခေါင်းဆောင် အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက်ဆက်တွဲအ ခုလို အင်မတန်အရေးကြီးတဲ့ အပြောင်းအလဲ အခါသမယမှာ ပါတီစုံဘက်စုံဆီက မျှော်လင့်ချက် ၊တောင်းတချက်နှင့်စိုရိမ်ကြောက်ကြနေရတာတွေကို သူကြားနာခဲ့ပါကြောင်း ပြောသည်။
He said concerns about the elections have to be addressed "as transparently as possible."ရွေးကောက်ပွဲ ရလာဒ် ကို အဖြစ်နိုင်ဆုံး ပွင့်ပွင့်လင်းလင်းဖြင့် ထုတ်ပြန်ကြေညာရန် သူက ဖြစ်စေလိုသည်ဟု ပြောသည်။
"This is important for laying the foundation of a credible transition" to democratic rule, he said.
Nambiar said he also called for the release of political prisoners, estimated by human rights groups to number more than 2,200.“ဒီအချက်ဟာ ဒီမိုကရက်တစ် အုပ်ချုပ်ရေးသို့ ယုံကြည်ရသော အသွင်ကူးပြောင်းရေးအခြေခံအုတ်မြစ်တခု ချမှတ်ရေးအတွက် အင်မတန်အရေးကြီးပါတယ်“ ဟုသူကပြောသည်။ လူ့အခွင့်အရေးအုပ်စုက ခန့်မှန်ူးထားချက်အရ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ခန်ုတို့အား လွှတ်ပေးရန်လည်း သူက တောင်းဆိုပါကြောင်း မစ္စတာ နမ်ဘီယာက ပြောသည်။
Nambiar met Saturday with Nobel Peace Prize laureate Suu Kyi, who said the talks were "very valuable" but that they might need "many and frequent meetings to sort out all the problems we are facing." မစ္စတာ နမ်ဘီယာနှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အောင်ဆန်းစုကြည်တို့ စနေနေ့တွင် တွေ့ဆုံခဲ့ကြပြီး ယင်းတွေ့ဆုံမှုသည်”အလွန်အဖိုးတန်ပေမဲ့လည်း ကျမတို့ရင်ဆိုင်နေရတဲ့ ပြဿနာ အားလုံး ကို ကိုင်တွယ်ဖြေရှင်းဖို့ မကြာခဏ  တွေ့ဆုံရန် လိုအပ်ပါတယ်“ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
Since her release Nov. 13 from more than seven years of continuous house arrest, Suu Kyi has been busy talking with diplomats, politicians and international agencies.ခုနစ်နှစ်တိုင်နေအိမ်အကျယ်ချုပ်ဆက်တိုက်ကျ ခံခဲ့ ရပြီး နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လွတ်မြောက်လာပြီးကတဲက ဒေါ်စုကြည်သည် သံတမာန်များ၊နိုင်ငံရေးသမားများနှင့်နိုင်ငံတကာ အသင်းအဖွဲ့တို့နှင့် စကားပြောဆိုနေရခြင်းဖြင့် မအားမလပ်နိုင်ဖြစ်နေသည်။
The military has ruled Myanmar since 1962 and the Nov. 7 elections were widely criticized as being unfair, with vote-rigging to favor the military-backed Union Solidarity and Development Party. Still incomplete results give the party a sweeping majority in both houses of parliament.မြန်မာနိုင်ငံကို စစ်တပ်က ၁၉၆၂ ခုနှစ်ကတဲက အုပ်ချုပ်လာခဲ့ပြီး  နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲသည် မတရားမှု၊စစ်အစိုးရ က ပံ့ပိုးနေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား မဲမသမာသော နည်းဖြင့် အသာရစေမှုများဖြင့် ကျယ်ပြန့်စွာ အပြစ်တင် ဝေဖန်ခံနေရသည်။ ရွေးကောက်ပွဲရလာဒ်အားလုံးအကုန်အစင် မကြေညာနိုင်သေးရှိပါလျှက် ပါလီမာန် လွတ်တော်နေရာ နှစ်ရပ်စလုံး ကို အဆိုပါ ကြံ့ဖွံ့ပါတီအား အများစု နေရာပေးခဲ့သည်။

The official Union Election Commission has repeatedly corrected announced results that showed turnout exceeding 100 percent in some constituencies and declared two pro-junta candidates winners in constituencies in Kachin State where voting had been canceled.တချို့သောမဲဆန္ဒနယ်များတွင် မဲပေးသူ ရာခိုင်နှုန်း ၁၀၀ ထက်ကျော်လွန်နေမှု၊ကချင်ပြည်နယ်ရှိ ဖျက်သိမ်းထားသော မဲဆန္ဒနယ်နှစ်ခုတွင် စစ်အစိုးရ လိုလားသော လွတ်တော်အမတ် နှစ်ဦး အနိုင်ရရှိကြောင်း ကြေညာခဲ့မှုတို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မစ်ရှင်မှ ထပ်ခါတလဲလဲ အမှားပြင်ဆင်သည့် ကြေညာချက်ထုတ်ခဲ့သည်။
The results ensure the military retains power behind the scenes as well as overtly in parliament, which will become a powerful body. The president, who does not need to be an elected lawmaker, will appoint Cabinet ministers and can call the military to take over in case of a national emergency.ရွေးကောက်ပွဲရလာဒ်သည် ကန့်လန့်ကာ နောက်ကွယ်တွင် စစ်တပ်မှ နိုင်ငံတော်အာဏာ ကို ဆက်လက်ထိန်းချုပ်ထားမည်ဖြစ်သကဲ့သို့  သြဇာကြီးသော ကိုယ်ထည်ဖြစ်မည့် လွတ်တော်တွင်လည်း ကြီးစိုးနေဦးမည်ဖြစ်သည်။ ရွေးကောက်တင်မြှောက်ခံ ဥပဒေပြုသူ ဖြစ်ရန်မလို သော သမတ သည် အစိုးရအဖွဲ့ဝင် ၀န်ကြီးများကို ဆွဲခန့်မည် ဖြစ်ပြီး အမျိုးသားရေး အရေးပေါ်အခြေနေတွင် တပ်မတော်မှ ၀င်ရောက် အာဏာသိမ်းရန် ဖိတ်ခေါ်နိုင်ခွင့် ရှိကြောင်း ဖေါ်ပြထားသည်။
The previously elections in 1990 were overwhelmingly won by the Suu Kyi's National League for Democracy party, but the military did not recognize the results.ယခင်၁၉၉၀ ခုနှစ်က ကျင်းပခဲ့သော ပါတီစုံရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်အသတ် အနိုင်ရခဲ့သော်ငြားလည်း စစ်အုပ်စုက ရလာဒ်ကို ဥပေက္ခာပြုခဲ့သည်။

Nambiar, who also met with Foreign Minister Nyan Win, election commissioners and representatives of some ethnic political parties, said the U.N.'s role in promoting political reconciliation was appreciated by all sides.မစ္စတာ နမ်ဘီယာ က နိုင်ငံရေးပြန်လည်သင့်မြတ်ဖို့ ကုလသမဂ္ဂ၏ စွမ်းဆောင်ချက်ကို ဖက်ပေါင်းစုံမှ ချီးမွန်းထောပနာပြုပါကြောင်းပြောသည်၊ သူသည် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၊ ရွေးကောက်ပွဲကော်မစ်ရှင်မှ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသား ကိုယ်စားပြုပါတီ ကိုယ်စားလှယ်များတို့နှင့်လည်း တွေ့ဆုံခဲ့သည်။
"The United Nations looks forward to continuing this dialogue through direct engagement with all parties to help advance national reconciliation and the establishment of a democratic and civilian government in a way that contributes to Myanmar's stability and development," he said.
It was Nambiar's first visit to Myanmar since he took over the position of special envoy from Ibrahim Gambari, who last traveled to Myanmar in June 2009.“မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကို ဆောင်ကျဉ်းပေးမည့် ပြည်သူ့အစိုးရနှင့် ဒီမိုကရက်တစ် စနစ် ထူထောင်ရန်လည်းကောင်း၊အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်မြောက်လာအောင်ရည်သန်ပြီး ပါတီအားလုံးတို့နှင့် တိုက်ရိုက်စေ့စပ်ခြင်းအားဖြင့် ဤတွေ့ဆုံဆွေးနွေးရေးကိစ္စကို ဆက်လက်အကောင်အထည်ဖေါ်ရန် ကုလသမဂ္ဂအနေဖြင့် စောင့်ကြိုလျှက်ပါ”ဟု သူကပြောသည်။
A long line of U.N. officials, including Ban, has attempted to broker talks between the opposing sides, but have failed to bring them together despite numerous claims of breakthroughs.ဆန့်ကျင်ဖက်အုပ်စုနှစ်ခုအကြား စကားပြောဖြစ်ဖို့ ကြားဝင် စေ့စပ်ဖြန်ဖြေခဲ့တာဟာ ဖြင့် မစ္စတာ ဘန်ကီမွန်းအပါဝင် ကုလသမဂ္ဂ အရာရှိများစွာ တန်းစီပြီး ကြိုးပန်းခဲ့ပေမဲ့လည်း အထမမြောက်ခဲ့ချေ။