Saturday, November 27, 2010

လွတ်တော်အသစ်တွင် လွတ်လပ်စွာမြွက်ကြားခွင့် ကန့်သတ်

Saturday 11/27/10

စစ်အစိုးရ ချုပ်ကိုင်ထားသော မြန်မာနိုင်ငံတွင် အသစ်စက်စက် ရွေးချယ်တင်မြောက်ခံ အစိုးရ၏ လုပ်ငန်းဆောင်တာအပေါ် ကြီးစိုးနေမည့် ဥပဒေဖြင့် ပါလီမာန်အမတ်များအတွက် လွတ်လပ်စွာ ပြောဆိုမြွက်ကြားခွင့်ကို ကန့်သတ်ထားမည်ဖြစ်ကြောင်းသိရသည်။
ပါလီိမာန်ဝင်းအတွင်း အဆိုပါပြဌာန်းချက်အား ကန့်ကွက်မည့်သူတိုင်း ထောင်ဒဏ်နှစ်နှစ် ကျစေရန်လည်း ချမှတ်ထားပါကြောင်းသောကြာနေ့ထုတ် အစိုးရပိုင် သတင်းစာစောင် တွင်ဖေါ်ပြထားသည်။
၎င်းကြေညာချက်သည် စစ်အစိုးရက အားပေးထောက်ခံခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ယခုလတွင် ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲတွင် အများစုမဲဖြင့် အနိုင်ရလိုက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွေ ကလက်မှတ်ရေးထိုးထားသော အါထက်ပါဥပဒေပြဌာန်းချက်နှင့်အညီ  အမိျုးသား လုံခြုံရေး၊နိုင်ငံ၏ စည်းလုံးညီညွတ်ရေး ကိုမထိခိုက်သော (သို့) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ချိုးဖေါက်ခြင်း မရှိသော မိန့်ခွန်းမျိုး သာလျင် ပါလီမာန်က လွတ်လပ်စွာပြောဆိုခွင့်ပြုမည်ဟု သိရသည်။၎င်းအပြင် တစုံတယောက်က ပါလီမာန်ဝင်းအတွင်း အဆိုပါဥပဒေကို ကန့်ကွက်သည်ဖြစ်စေ၊ဥပဒေပြုသူအား ဤအချက်အပေါ်မူတည်၍ ကာယကံမြောက်တိုက်ခိုက်သည်ဖြစ်စေ ထောင်ဒဏ် နှစ်နှစ် ကျခံစေရမည် ဟု လည်း ပါရှိသည်။

.ဥပဒေပြု သူမှ အပ တစုံတယောက်က လွတ်တော်ကျင်းပနေစဉ်အတွင်း ခန်းမထဲသို့ ၀င်ရောက်လာပါက ထောင်ဒဏ် တနှစ်နှင့်တကွ ငွေးဒဏ်လည်း ပေးဆောင်ရမည်။
မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်ကတဲက  တပ်မတော်က အုပ်ချုပ်လာခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မတရား တင်ကြို အကွက်ချထားမှုများ ရှိကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြသည်။
အချို့သော မဲဆန္ဒနယ်များတွင် မဲရလာဒ် ၁၀၀%ကျော်လွန်နေသဖြင့်လည်းကောင်း ရွေးကောက်ပွဲဖျက်သိမ်းခံထားရသော ကချင်ပြည်နယ်မှအချို့ မဲဆန္ဒနယ်တွင် စစ်အစိုးရလိုလားသော ကိုယ်စားလှယ် နှစ်ဦး အနိုင်ရရှိကြောင်းကြေညာချက်အပေါ် တွင်လည်းကောင်း မကြာခဏ ဆိုသလို ပြည်ထောင်စု ရွေးကောက်ပွဲ တာဝန်ခံ ကော်မစ်ရှင်က အမှားပြင်ဆင်မှုပြုလုပ်ခဲ့ရကြောင်းသိရသည်။
ရွေးကောက်ပွဲရလာဒ်၏နောက်ကွယ်တွင် စစ်အစိုးရအား အာဏာဆက်လက်ရရှိနေမည်ဖြစ်သကဲ့သို့ သြဇာအကြီးဆုံးပုံသဏ္ဍန်ဖြစ်သည့် ပါလီမာန်တွင်လည်းသိသိသာသာ ကြီးစိုးနေဦးမည်။
ရွေးကောက်ပွဲအနိုင်ငံရပါတီမှ တက်လာသော သမတ ဖြစ်သူသည် ၀န်ကြီးအဖွဲ့ဝင်များကို သူ့စိတ်ကြိုက်ရေွးူချယ်ခန့်ုအပ်လိမ္မည်ဖြစ်ပြီး နိုင်ငံ၏ တမျိုးသားလုံးဆိုင်ရာ အရေးပေါ်အခြေအနေတွင် စစ်တပ်မှ ကြားဝင် ထိန်းချုပ်ရေးအတွက် ဆင့်ခေါ်နိုင်သည် ဟု ပြဌာန်းထားသည်။
ယခင် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရခဲ့သော်ငြားလည်း ရွေးကောက်ပွဲရလာဒ်ကိုမူ စစ်အုပ်စုတို့က အသိအမှတ်မပြုခဲ့ချေ။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အောင်ဆန်းစုကြည်သည် မကြာ မီိက နောက်ဆုံးအကျယ်ချုပ်ကာလမှ လွတ်မြောက်လာခဲ့ပြီး ၂၁နှစ်အတောအတွင်း ၁၅ နှစ်တိုင်တိုင် နေအိမ်တွင် အထိန်းအသိမ်းခံခဲ့ရသူဖြစ်သည်။

No comments:

Post a Comment