Saturday, June 28, 2014
Saturday, June 14, 2014
Saturday, July 6, 2013
Tuesday, March 6, 2012
ပြုပြင်ပြောင်းလဲရေး ဆိုရာဝယ်
ပြုပြင်ပြောင်းလဲရေးဆိုရာဝယ်
နိုင်ငံ့အသက်သည် တရားဥပဒေဟု ဆိုကတဲက ယင်းသည် နိုင်ငံ၏ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရည်ညွှန်းသည်ဟု ဆိုပါလျှင် မှားအံ့မထင်ပါ။အဘယ်ကြောင့်ဆိုသော် အခြေခံဥပဒေဆိုသည်မှာနိုင်ငံ၏ အမြင့်ဆုံးဖြစ်သလို အခြေခံလည်းကျသောကြောင့်ပင်ဖြစ်သ ည်။တနည်းအားဖြင်ဆိုရသော် အခြေခံဥပဒေဆိုသည်မှာ အစိုးရနှင့်ပြည်သူတို့အကြား အပြန်အလှန်ကြိုးကိုင်ထားသော သဘောတူစာချုပ်တခုပင်ဖြစ်ပါသည်။
အစိုးရတရပ်၏ အဆုံးအစွန်သော လုပ်ပိုင်ခွင့်အာဏာကို ဤဥပဒေတွင် ထည့်သွင်းရေးသား ပြီး ပြည်သူတွေက အပ်နှင်းထားသကဲ့သို့ ပြည်သူများ၏ လိုလားတောင်းတခဲ့သော ဒီမိုကရေစီ၊လူ့အခွင့်အရေးနှင့်လုံခြုံရေးတို့ကို ဤဥပဒေကပင် အကာအကွယ်ပေးရမည်ဖြစ်ပေသည်။ဥပမာတ ခုဆိုရပါလျင် စစ်အာဏာရှင်လက်ထက်က ရေးဆွဲခဲ့သော ၁၉၇၄ခု အခြေခံဥပဒေတွင် “မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသည် တခုတည်းသော နိုင်ငံရေးပါတီဖြစ်၍ နိုင်ငံတော်ကို ဦးဆောင်သည်”ဟု လိုရင်းချက် ကို ၀ါကျတကြောင်းတည်းဖြင့် လိုတိုရှင်း ရေးသားထားသည်ကို တွေ့ရပါသည်။ အလားတူ ရေးသားဟန်ကို ၂၀၀၈ခု အခြေခံဥပဒေတွင်လည်း “တပ်မတော်သည် အနာဂတ် အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်သောအခန်းမှ အမြဲတန်းပါဝင်နေရမည်”ဟုလည်း ပါရှိနေပြန်၏။
သို့ဖြစ်၍ စစ်ခေါင်းဆောင်များသည် မိမိတို့လိုချင်သပ အချက်အချာကျသော အာဏာသုံးရပ်ကို ပဋိညာဏ်စာချုပ်နှင့်တကွ လက်ဝယ်ပိုင်ပိုင် ရရှိနှင့်ပြီဖြစ်ပါ၍ ကျန် လစ်လပ်နေသော သာမာန် လုပ်ပိုင်ခွင့်အာဏာများကိုမူ အတိုက်ခံတို့အား ၀မ်းသာအယ်လဲ ဖိတ်မဏ္ဌကပြုမျှဝေပေးနေသည်မှာ ထူးဘဲမဆန်းတော့ပြီဖြစ်သည်။အပြန် အလှန်အားဖြင့် ပြည်သူလူထုသည်လည်း မိမိတို့၏ ရပိုင်ခွင့်အနေဖြင့်ပမာပြရလျင် ၁၉၇၄ခုနှစ် အခြေခံဥပဒေ ပုဒ်မ(၁၀၇)အရ “နိုင်ငံသားတိုင်းသည် မိမိတို့၏ နစ်နာမှု ၊ဆုံးရှုံးရမှုများကို သက်ဆိုင်ရာအာဏာပိုင်များထံသို့ တိုင်တန်းပိုင်ခွင့်ရှိသည်၊အဆို ပါတိုင်တန်းချက်ကို အာဏာပိုင်ဖက်က စုံစမ်းမှုပြုပြီး လိုအပ်သလို အရေးယူဆောင်ရွက်ပေးရမည်ဟု ပြဌာန်းထားသည်ကို မှတ်သားခဲ့ဘူးပါသည်။
မည်သို့ပင်ရှိစေကာမူအလယ်အလတ်လမ်းစဉ်သည်သာ အောင်မြင်ခြင်းပန်းတိုင်သို့ ဧကန်အမှန် ရောက်ရှိနိုင်မှုအရှိဆုံးဟုလို့ ယုံကြည်သည့်အလျောက် လွပ်လွပ်လပ်လပ် တွေ့ဆုံဆွေးနွေးကြပြီး တိုင်းပြည်အတွက်အကောင်းဆုံးအဖြေ ရှာရေးကို အားလုံးက ၀ိုင်းဝန်းကူညီအားပေးသင့်ပါသည်။ ယခုလို ဆွေးနွေူနိုင်ခွင့်ဖြစ်မြောက်လာ အောင် အစိုးရသစ်က လမ်းဖွင့်ပေးနေတာကို တော်လှန်ရေးသတိဖြင့် ကြိုဆိုရမည်သာ။
သို့သော် အမှန်တကယ် စစ်မှန်သောဒီမိုကရေစီနိုင်ငံကို ပြန်လည် တည်ဆောက်မည်ဆိုပါက စံထားချက်များနှင့်ကိုက်ညီမှုရှိမရှိသုံးသပ်ရန်လိုအပ်ပါသေးသ ည်။ ဒီမိုကရေစီ၏ ကျင့်စဉ်အရ ပြည်သူ့အုပ်ချုပ်ရေးဖြစ်သည့်အလျောက်နိုင်ငံ၏ အချုပ်အချာအာဏာကို ပြည်သူတွေကသာ ပိုင်ဆိုင်ပြီးစိုးမိုးနေသင့်သည်။လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကို အမှန်တကယ်ကိုယ်စားပြုရမည်ဖြစ်၍ မသမာသောမဲစနစ်ဖြင့်ရွေးကောက်ခံခဲ့သူမဖြစ်သင့်ချေ။လက်ရှိအနေအထား တွင် လွှတ်တော်တွင်စစ်ယူနီဖေါင်းဝတ် စစ်တပ်ကိုယ်စားလှယ်လေးချိုးတချိုး ပါဝင်နေခြင်း၊လိုအပ်ပါက တပ်မတော်အကြီးအကဲမှ နိုင်ငံတော်အာဏာသိမ်းခွင့် ပြုထားခြင်းကိုက တိုင်းပြည်သည် တပ်မတော်ဦးစီးချုပ် နေ၀င်း၊သန်းရွေ့တို့၏ အစဉ်အဆက်ပိုင်ဆိုင်သည့်အမွေကို စစ်တပ်အားစာချုပ်နှင့်တကွအပ်နှင်းထားသလိုဖြစ်တော့သည်။တရားဥပဒေစိုးမိုးသော စနစ်တွင် ဥပဒေအထက်က မည်သူမျှမရှိစေရ ဟူသောမူနှင့် ပြဒါးတလမ်းသံတလမ်းဖြစ်လျှက်ရှိေ နသည်ကို တွေ့ရှိနိုင်ပေသည်။
သို့ဖြစ်ပါ၍ ပြည်သူအပေါင်းတို့အား အမှန်တကယ် အကျိုးပြုကာကွယ်မည့် အထက်ပါ တရားဥပဒေကို မည်သူတွေက ရေးဆွဲ ပြဌာန်းပါအံ့နည်းဟု ဆိုခဲ့ပါလျင် ယခင် ၁၉၈၈ခုနှစ်က တဒင်္ဂသမ္မတဖြစ်ခဲ့ဘူးသူ ဒေါက်တာမောင်မောင် ရေးသားသော “ဒို့ပြည်ထောင်စုမြန်မာနိုင်ငံ” စာအုပ်မှာ အရ အခြေခံဥပဒေကို အာဏာလက်ရှိအစိုးရကသော်လည်းကောင်း၊အာဏာရအတိုက်ခံပါတီကသော်လည်းတရားဝင်ရေးဆွဲပိုင်ခွင့်ရှိပါသည်ဟုပါရှိသည်။ထိုသို့ရေးဆွဲပြီးဖြစ်သော ဥပဒေကို မပြဌာန်းမှီ ပြည်သူတွေက သဘောတူလက်ခံပါကြောင်းအတည်ပြုရပါ မည်။ မိမိရေးဆွဲသော ဥပဒေကို မိမိကိုယ်တိုင်အတည်မပြုရချေ။ထို့ ကြောင့် ပါတီစုံဒီမိုကရေစီစနစ်တွင် အာဏာလက်ရှိအစိုးရက ရေးဆွဲသော ဥပဒေကို အတိုက်ခံအများစု၏ မဲဆန္ဒဖြင့် အတည်ပြုထောက်ခံပြီးပါမှ တရားဝင်ပြဌာန်းရပါမည်။ သို့မဟုတ်ချေက အတိုက်ခံမရှိသော တပါတီစနစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ အတည်ပြုချက်ပြုရပါသည်။ယင်းကြောင့်ပင် လျှင်ထိုစဉ် မဆလ တပါတီအာဏာရှင်တို့က ရေးဆွဲခဲ့သော ၁၉၇၄ခု အခြေခံ ဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် ၁၉၇၅ခု ဒီဇင်ဘာလ ၁၅ ရက်တွင်ကျင်းပခဲ့ကို အမှတ်ရနေပါသေးသည်။၎င်းကို စံနမူနာယူလျှက် နအဖ စစ်အစိုးရက ၁၅နှစ်ကြာ အချိန်ယူပြီး တဖက်သတ်ရေးဆွဲခဲ့သော ၂၀၀၈ခုနှစ် အခြေခံဥပဒေကို လူတသိန်းကျော် အသက်ဆုံးရျှုံးခဲ့ရသော နာဂစ်မုန်တိုင်းကာလ ကိုသော်လည်းကောင်း၊ရွေးကောက်ပွဲ အနိုင်ရပါတီကိုလည်းကောင်း မငဲ့ညှာ မစောင့်ဆိုင်းပဲ အဆောတလျင် အတည်ပြုချက်ရရှိရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့်မဲ ၉၉%ရရှိအတည်ပြုခဲ့သည်ကို ဆန်းစစ်ကြည့်လေလေ ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီပါသည်ဟု လက်သင့်ခံဖို့ရန် စဉ်းစားရခက်ကြီးဖြစ်နေတော့သည်။အ ဘယ့်ကြောင့် ပြည်သူများ သိရှိနားလည်ရန်လေ့လာခွင့်မပေးခဲ့ ပါသနည်း၊ဤတွင် စစ်ခေါင်းဆောင်များ၏ လုပ်ရပ်သည် ဖြောင့်မတ်မှန်ကန်ခြင်းရှိမရှိဆိုသည့်အချက် ပေါ်လွင်ထင်ရှားနေပါသည်။
ပို၍စိုးရိမ်စရာအချက်မှာ တကြိမ်တခါ စစ်အာဏာသိမ်းသည့်အခါတိုင်း အခြေခံဥပဒေကိုတပါတည်း ဖျက်သိမ်းလေ့ရှိခြင်းပင်ဖြစ်လေသ ည်။
ထို့ကြောင့် ပြုပြင်ပြောင်းလဲရေးကို စေတနာကောင်းဖြင့်လုပ်တော့မည်ဆို ရင် နောင်လာနောက်သားများ သံသယကင်းစွာဖြင့် နိုင်ငံတာဝန်ကို ပခုံးပြောင်းထမ်းဆောင်နိုင်မည့် စစ်မှန်သော ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ကို လက်ရှိသက်ရှိထင်ရှား ခေါင်းဆောင်ကြီးများက ဦးဆောင်ဦးရွက်ပြုပြီး မြန်မာပြည်တွင်း မှီတင်းနေထိုင်သူအားလုံးက လက်ခံနိုင်သည့် တည်တံ့ခိုင်မာသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ တခု ပေါ်ပေါက်လာစေရေးမလိုအပ်ပြီလော။
ဒို့ဘိုးဘွားအမွေအစစ်ကို ချစ်မြတ်နိုးကြပါကုန်..
(စာစီစာကုံး)
Tuesday, July 12, 2011
ွှ့The Roadmap to Nowhere
လမ်းပျောက်မြေပုံဖြင့် လမ်းပြနေသော မြန်မာလက်သစ်စစ်အစိုးရ
လမ်းပြမြေပုံ ဆိုသည့် စကားလုံးကို သိဖူးမြင်ဖူးကြားဖူးရုံမက လက်ခံကြမည်လည်း ဖြစ်သည်။ သို့သော် “လမ်းပျောက် မြေပုံ” ဟုဆိုလျှင် အဓိပ္ပာယ်မရှိမှန်း လူတိုင်းက နားလည်ကြသည်။ ပြည်သူလူထုအတွက် အကျိုးမရှိသော အနာဂတ်ပန်းတိုင်ကို ရည်မှန်းလျက် အဓိပ္ပာယ်မရှိသော လုပ်ရပ်များဖြင့် တိုင်းပြည်ကို ဦးဆောင်နေသည်ဆိုလျှင် “လမ်းပြမြေပုံ” မဟုတ်တော့ဘဲ “လမ်းပျောက်မြေပုံ” ဟုသာ ဆိုရပေလိမ့်မည်။ တနည်းအားဖြင့် အာဏာရှင်များအတွက် “လမ်းပြမြေပုံ” ဖြစ်သော်လည်း နိုင်ငံနှင့် ပြည်သူများအတွက်မူ “လမ်းပျောက်မြေပုံ”သာ ဖြစ်သည်။
ယနေ့မြန်မာနိုင်ငံတွင် အာဏာရလျှက်ရှိသော အစိုးရအဖွဲ့သည် ယခင်က စစ်ယူနီဖေါင်းဝတ် ထိပ်တန်းဗိုလ်ချုပ်များသာ ဖြစ်ပြီး ဒီမိုကရေစီ ဖော်ဆောင်ရန်အတွက် လမ်းပြမြေပုံဟု ကြွေးကြော်ကာ မလိမ့်တပတ်ဖြင့် ဇွတ်အတင်း အတည်ပြု လိုက်သော ၂ဝဝ၈ အခြေခံဥပဒေကို လက်ကိုင်ပြုပြီး ပြည်သူတို့အား အရပ်သားဟန်ပန်ဖြင့် ဦးဆောင်လျက်ရှိနေသည်။
လမ်းပြမြေပုံဟူသည့် အသုံးအနှုန်းသည် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံ၌ နှစ်ကာလမကြာသေးချိန်က ရေပန်းစားလာသော လက်သုံးစကားဖြစ်ပြီး ရည်မှန်းချက်ဖြစ်ထွန်းရန် တိကျခိုင်မာသော ရေတို-ရေရှည် နည်းလမ်းဟု အနက်အဓိပ္ပါယ် ရသည်။ မူရင်းကို ခြေရာခံကြည့်ပါက ရှုပ်ထွေးပွေလီလှသော အစ္စရေး-ပါလက်စတိုင်း ပြဿနာကို အမေရိကန်၊ ရုရှား၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂမှ ခေါင်းဆောင်ကြီးများက ကြားဝင်ဖြေရှင်းပေးရန် ကြိုးပမ်းရာမှ ငြိမ်းချမ်းရေးအတွက် လမ်းပြမြေပုံ (Roadmap for peace) ဆိုသော အသုံးအနှုန်းကို စတင်သုံးစွဲခဲ့ခြင်း ဖြစ်သည်။ ဤအသုံးအနှုန်းကို ငြိမ်းချမ်းရေးအလိုရှိသူ အများက လက်ခံကြသည်။
မြန်မာစစ်ခေါင်းဆောင်တို့က သူတို့၏ ကိုယ်ပိုင်စဉ်းစားဥာဏ်ကို ထုတ်မသုံးဘဲ ဤသို့သော နိုင်ငံတကာ အသုံးအနှုန်း ကိုပင် တိုက်ရိုက် ကူးယူအသုံးပြုလိုက်ရာ နိုင်ငံတကာ တိုင်းပြည်အများက လက်ခံသယောင်ယောင် ပုံစံမျိုးဖြင့် မြန်မာ နိုင်ငံမှ နိုင်ငံရေးကို မသိနားမလည်ကြသည့် သာမန်ပြည်သူတို့အား အလွယ်တကူ လှည့်စားသွားခဲ့သည်။ ငြိမ်းချမ်းရေး အတွက် လမ်းပြမြေပုံဖြင့် အစ္စရေး-ပါလက်စတိုင်း ပြဿနာကို နှစ်ပေါင်းများစွာ အချိန်ယူ၍ ဖြေရှင်းနေသကဲ့သို့ပင် မြန်မာစစ်ခေါင်းဆောင်တို့ကလည်း လမ်းပြမြေပုံဟု ကြွေးကြော်သံပေး၍ နှစ်ပေါင်းများစွာကြာအောင် နိုင်ငံ့အာဏာကို တရားမဝင် အရှက်သိက္ခာမရှိ အတင်းအဓမ္မ ချုပ်ကိုင်နေခဲ့ကြသည်။
လမ်းပြမြေပုံဟူသည်အလျောက် ခရီးသွားသူများအတွက် လိုရာပန်းတိုင်သို့ အစမှအဆုံးတိုင် တိတိကျကျ ညွန်ပြထား သည့် အစဉ်အတိုင်းလိုက်နာပါက ဧကန်မုချ ရောက်ရှိရမည်ဖြစ်သည်။ ထိုနည်းတူဒီမိုကရေစီ လမ်းပြမြေပုံဆိုလျှင်လည်း ဒီမိုကရေစီကို အမှန်တကယ်လိုလားသူတို့အတွက် ယုံယုံကြည်ကြည် လိုက်နာပါက ရည်မှန်းရာ ဒီမိုကရေစီပန်းတိုင်သို့ ရောက်ကိုရောက်ရပေလိမ့်မည်။
GPS (Global Positioning System) ခေါ် လမ်းပြကိရိယာသည် အလွန်တိကျမှန်ကန်ပြီး ယာဉ်မောင်းသူများအတွက် အလွန်အားထားရသော လမ်းညွန်တခုဖြစ်သည်။ ဤကိရိယာက မှန်မှန်ကန်ကန် အလုပ်လုပ်နေသရွေ့ လမ်းမှားစရာ အကြောင်းမရှိသည့် ဥပမာကဲ့သို့ပင်။
လမ်းမလျှောက်တတ်လျှင် လမ်းပျောက်တတ်ပါသည်။ သို့သော် လမ်းလျှောက်တတ်သည့်တိုင် လမ်းမှားကို လျှောက်မိ နေလျှင်လည်း ဧကန်မုချ လမ်းပျောက်မည်သာ။ သို့ဖြစ်ရာ လျှောက်ရမည့်လမ်းသည် လမ်းမှန်ဖြစ်-မဖြစ် သေသေချာချာ စဉ်းစားဆန်းစစ်ပြီး ရွေးချယ်ရပေလိမ့်မည်။ အစကတည်းက လွဲမှားသောလမ်းစဉ်ကို လိုက်မိပါက ပန်းတိုင်ရောက်ဖို့ ဝေလာဝေး၊ တာအထွက်မှာပင် ဝင်္ကပါပတ် ချာချာလည်နေသည့်အဖြစ်မျိုးနှင့် ကြုံရပေမည်။
အာဏာမက်မောလှသော စစ်ဗိုလ်ချုပ်ကြီးများက ကလိမ်စေ့ငြမ်းဆင် ဖန်တီးခဲ့သော ဒီမိုကရေစီ လမ်းပြမြေပုံဖြင့် ၂ဝ၁၁ ရွေးကောက်ပွဲမှတဆင့် အရပ်သားအစိုးရသစ်ကို ပွဲထုတ်လိုက်ပါပြီ။ သို့သော် ထိုအစိုးရလက်သစ်သည် ပွဲဦးထွက်မှာပင် အကြီးအကျယ် ချွတ်ချော်လွဲမှားနေသည်ကို အကဲခတ် သူတိုင်း တွေ့မြင်နေရသည်။
ဒီမို ဆိုသည်မှာ ဂရိဘာသာစကားအရ ပြည်သူလူထုဖြစ်ပြီး၊ ကရေစီ ဆိုသည်မှာအုပ်ချုပ်ရေးဖြစ်သောကြာင့် ဒီမိုကရေစီ သည် ပြည်သူလူထုအုပ်ချုပ်ရေးဟုသာ အဓိပ္ပာယ်ထွက်သည်။ တနည်းအားဖြင့် လူထုအစိုးရဟု ဆိုလိုသည်။ လူထု အစိုးရဖြစ်သောကြောင့် နိုင်ငံရေးအာဏာသည် ပြည်သူတို့ဆီမှသာ မြစ်ဖျားခံရပါမည်။ ပြည်သူတွေက အာဏာအပ်နှင်း ပေးပါမှ တရားဝင်အစိုးရ ဖြစ်ရပါမည်။
ပြည်သူလူထု၏ အသဲနှလုံးကြားက အမှန်တကယ်နှစ်သက်သူ လွှတ်တော်ကိုယ်စားလှယ်များအား လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိရမည်။ ထိုမှတဆင့် လူထုမဲ အများဆုံးရရှိသည့် နိုင်ငံရေးပါတီမှ အစိုးရအဖွဲ့ကို ဦးဆောင်ရပါမည်။ အများဆန္ဒဖြစ်သောကြောင့် ထိုအစိုးရအဖွဲ့ကို အသိအမှတ်ပြု လက်ခံရပေမည်။ အနှစ်သာရအားဖြင့် အများ၏ဆန္ဒကို လေးစားခြင်း၊ တန်းတူညီမျှစွာ ဆက်ဆံခြင်း၊ ပွင့်လင်းမြင်သာစွာ ပြုမူခြင်း၊ တာဝန်ခံယူခြင်း၊ မတူကွဲပြားမှုများကို သည်းခံပေးရခြင်း စသော ဒီမိုကရေစီ အလေ့အကျင့်များ ရှိရမည်ဖြစ်သည်။
သို့သော် ဒီမိုကရေစီ အလေ့အကျင့်များ လုံးဝ မရှိဘဲ၊ ဒီမိုကရေစီ နည်းလမ်းများ လုံးဝ မှန်ကန်ခြင်း မရှိဘဲ၊ ဒီမိုကရေစီ စံနှုန်းများကို အခြေခံခြင်း လုံးဝ မရှိဘဲ စစ်အာဏာရှင်တို့အခေါ် “လမ်းပြမြေပုံ”ဖြင့် ၂ဝဝ၈ အခြေခံဥပဒေကို ရေးဆွဲခြင်း၊ တပါတီစနစ်ဆန်ဆန်လူထုဆန္ဒခံယူကာ အတည်ပြုခြင်းနှင့် လွတ်လပ်မှုမရှိသောရွေးကောက်ပွဲ ကျင်းပခြင်းတို့ကြောင့် တာထွက်မှာပင် အမှားကြီးမှားနေကြောင်း သိသိသာသာ ရှိနေတော့သည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ မြန်မာ့သမိုင်းတွင် ဖျောက်ဖျက်မရနိုင်သော ကမ္ဘာသိ သက်သေတခု ရှိခဲ့ပါသည်။ ယင်းမှာ ၁၉၉ဝ ခုနှစ်တွင် ကျင်းပခဲ့သည့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆန္ဒမဲ ၈၂%ကျော်ဖြင့် မဲအများဆုံးရကာ ပြတ်ပြတ်သားသား အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ထိုမျှသာမက ရွေးကောက်ပွဲအနိုင်ရ အခြားတိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့်လည်း မဟာမိတ်ပြု (coalition) စုဖွဲ့ထားသဖြင့် ပိုမိုအားကောင်းသော ဒီမိုကရေစီနည်းကျ ဦးဆောင်မှုကို ရရှိနိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ ရွေးကောက်ပွဲ ပြီးဆုံးချိန်က နဝတ စစ်အာဏာပိုင်များနှင့် နောက်ပိုင်းနှစ်များ၌ နအဖ အမည်ခံ စစ်အာဏာပိုင် တို့က ၎င်းတို့အနေဖြင့် သဘောမတူနိုင်သည့်တိုင်အောင် (၎င်းတို့မျှော်လင့်ထားသော နိုင်ငံရေးပါတီက အနိုင်မရဘဲ ဖြစ်သွားသည့်တိုင်အောင်) ဒီမိုကရေစီ၏ အခြေခံစံနှုန်းတခုဖြစ်သော အများဆန္ဒကို လိုက်လျောရသည့်အနေဖြင့် နိုင်ငံ့ အာဏာကို ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီများသို့ ရွေးကောက်ပွဲ အစဉ်အလာအတိုင်း မဖြစ်မနေ လွှဲပြောင်းပေး ရမည်သာ ဖြစ်သည်။
သို့သော် စစ်အာဏာပိုင်တို့က အာဏာလွှဲမပေးသည့်အပြင် အနိုင်ရပါတီများ၏ နိုင်ငံရေး လှုပ်ရှားမှုများကို နည်းမျိုးစုံဖြင့် ဖိနှိပ် ချုပ်ချယ် ကန့်သတ် ပိတ်ဆို့နေခဲ့သည်။ ယင်းလုပ်ရပ်များမှာ ပြည်သူအများ၏ဆန္ဒကို ပြောင်ပြောင်တင်းတင်း မထီမဲ့မြင် ပြုလိုက်ခြင်းဖြစ်သည်။ ထို့ပြင် ဒီမိုကရေစီ၏ စံထားချက်နှင့်လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေခဲ့သည်။
ထိုထိုသော ဒီမိုကရေစီ မျက်ကွယ်ပြု စစ်အာဏာရှင် ခေါင်းဆောင်ကြီးများ စိတ်ကြိုက် အတင်းအဓမ္မ ရေးဆွဲ အတည်ပြု ခဲ့သော နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ဥပဒေပြုလွှတ်တော်၏ မည်သည့်အစိတ်အပိုင်းတွင်မဆို စစ်တပ်မှ ၂၅% ရွေးကောက်ခံစရာ မလိုဘဲ ပါဝင်နေရမည်ဟု ဆိုထားပြန်ရာ ဒီမိုကရေစီ လမ်းကြောင်းနှင့် လွဲပြီးရင်း လွဲလျက်ရှိ နေတော့သည်။
ထိုမျှသာမကသေး၊ မည်သည်ကို ဆိုလိုမှန်းမသိရသော “နိုင်ငံတော်အတွက် အန္တရာယ် ကျရောက်လာမည်ဆိုလျှင် တပ်မတော်စစ်ဦးစီးချုပ်မှ လွှတ်တော်ကိုဖျက်သိမ်းပြီး အာဏာသိမ်းပိုင်ခွင့်” လည်း ပြုထားပြန်သည်။ ယင်းမှာ စစ်အာဏာရှင် ခေါင်းဆောင်များအနေဖြင့် မတတ်သာ၍သာ ဒီမိုကရေစီကို အဖြစ်သဘော ခွင့်ပြုပေးလိုက်ရသည်၊ စစ်တပ်မှသာ အာဏာကို ထာဝရ ချုပ်ကိုင်ထားလိုသည်ဟု ကြေညာမောင်းခတ်ထားသည်နှင့် တူနေတော့သည်။ ဒီမိုကရေစီကို ဗန်းပြ၍ စစ်အာဏာရှင်စနစ်ဖြင့် နောက်ကွယ်မှ ချုပ်ကိုင်ထားလိုမှန်း သိသာလှသည်။
နောင်တချိန်ပြဌာန်းလိမ့်မည်ဟု သတင်းထွက်နေသော စစ်မှုမထမ်းမနေရ ဥပဒေ၌ ယခုအချိန် အငြိမ်းစားယူ-မယူ လူသိမခံသေးသော စစ်အာဏာရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မှတ်ရေးထိုးထားကြောင်းလည်း မကြာသေးမီကပင် ကြားသိနေရသည်။ ဤဖြစ်ရပ်ကိုကြည့်လျှင် ၂ဝဝ၈ အခြေခံဥပဒေ ရေးဆွဲစဉ်က အာဏာပိုင်တို့ အသေဆုပ်ကိုင်၍ အတင်းအဓမ္မ ပြဌာန်းခိုင်းသော “တပ်မတော်သည် အနာဂတ်အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်သော အခန်းကဏ္ဍမှ အမြဲတမ်း ပါဝင်နေရမည်” ဟူသောအချက်ကို အာဏာရှင် ဗိုလ်ချုပ်သန်းရွှေက နောက်ကွယ်မှ ကြိုးကိုင်ကာ အကောင်အထည် ဖော်လိုသည့် ခြေလှမ်းတရပ်ဟု သုံးသပ်နိုင်ဖွယ်ရာ ရှိသည်။
အနာဂတ် အမျိုးသားနိုင်ငံရေးမှာ ဒီမိုကရေစီကို ဖြစ်ထွန်းအောင်မြင်စေရေးသာလျှင် အဓိကအချက်ဖြစ်ရမည်။ တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်ရည်မှန်းချက် အောင်မြင်စေရန် အစိုးရဆိုင်ရာအဖွဲ့အစည်း (Institution) တခုအနေဖြင့် သိက္ခာရှိရှိ ပံ့ပိုးကာကွယ် စောင့်ရှောက်ပေးရန်သာ တာဝန်ရှိသည်။ နိုင်ငံရေးတွင် “ဦးဆောင်သော အခန်းကဏ္ဍ” ဆိုသည်မှာ တပ်မတော်၏ အဓိကအခန်းကဏ္ဍ မဟုတ်ဘဲ နိုင်ငံရေးသမားတို့၏ တာဝန်တရပ်သာဖြစ်ပြီး လူထုက လက်ခံနိုင်သရွေ့ ပြဿနာ မရှိနိုင်ပါ။ သို့ဖြစ်ရာ စစ်အာဏာရှင် ခေါင်းဆောင်တို့၏ နောက်ကွယ်မှ ကြိုးကိုင် လိုသော ရည်မှန်းချက်နှင့် ပြည်သူတို့ ရည်မှန်းသော ဒီမိုကရေစီ ပန်းတိုင်တို့မှာ ပြဒါးတလမ်း၊ သံတလမ်းသာ ဖြစ်မြဲ ဖြစ်လျက် ရှိနေသေးသည်။
၂ဝ၁ဝ ရွေးကောက်ပွဲဖြင့် တက်လာပြီး အရပ်သားအစိုးရ ဟု မိမိကိုယ်ကို နာမည်ပေးထားသည့် ယနေ့ အစိုးရသစ်မှာ နောက်ကွယ်မှ အာဏာရှင် ကြိုးကိုင်ခံနေရသရွေ့ ကာလပတ်လုံး မည်သို့ပင် နာမည်တပ်တပ်၊ မင်းသားမျက်နှာဖုံးစွပ် ဘီလူး အစိုးရသာ ဖြစ်နေပေလိမ့်မည်။
ယခင်အာဏာရှင်ဟောင်းတဦးဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းသည်လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ ပါတီ) ကို တည်ထောင်လျက် ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲပြဌာန်းခဲ့သည်။ ယင်းအခြေခံ ဥပဒေတွင် “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် တခုတည်းသော နိုင်ငံရေးပါတီဖြစ်၍ နိုင်ငံတော်ကို ဦးဆောင်သည်” ဟု ပြဌာန်းခဲ့သည်။ သို့သော် ထိုပါတီ၏ ဦးဆောင်မှုအောက်တွင် မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ကျင့်သုံးသည်ဆိုသော ဆိုရှယ်လစ်စနစ်သည် တိုင်းပြည်နှင့် လူထုအကျိုးစီးပွားများကို အကြီးအကျယ် ဖျက်ဆီးခဲ့သည်။ အာဏာအလွဲသုံးစား မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်တကွ တံခါးပိတ် စီးပွားရေးဝါဒ ကျင့်သုံးမှုများကြောင့် နောက်ဆုံးတွင် ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံများ စာရင်းတွင် သိက္ခာကျစွာ ပါဝင်လာရတော့သည်။ ဤသို့သောအခြေအနေများကို ဖြစ်စေသည်မှာ နိုင်ငံရေးတွင် လူထုအကျိုးကို ရှေ့တန်းမတင်သော တပါတီစနစ်ဖြင့် မှားယွင်းစွာ ဦးဆောင်သောကြောင့်ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် တနိုင်ငံလုံး လူထုအုံကြွမှုကြောင့် အာဏာရှင်ဦးနေဝင်း၏ မဆလပါတီ ဘုံးဘုံးလဲ ပြိုကျခဲ့သည်။မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်လည်း လမ်းခုလတ်မှာတင် ဆုံးခမ်းတိုင်ပျောက်ကွယ်သွားခဲ့သည်။
ယခုတဖန် နောက်တက် အာဏာရှင်တို့က တပ်မတော်သည် နိုင်ငံရေးတွင် ဦးဆောင်ဦးမည်ဟု ဆိုထားပြန်ရာ လူသာ ပြောင်း၍ အာဏာရှင်စနစ် မပြောင်းလဲသေးဘဲ ဖြစ်နေသောကြောင့် တိုင်းပြည်နှင့်ပြည်သူတို့သာ ထပ်မံ နစ်နာဆုံးရှုံးရ ပေဦးမည်။
သို့ဖြစ်ရာ အာဏာရှင်အမွေဆိုးကို ပခုံးပြောင်းသယ်ဆောင်လာနေခဲ့ကြသော နောက်ကွယ်မှ စစ်ဗိုလ်ချုပ်များ၊ ရှေ့ထွက် ယူနီဖောင်းချွတ် စစ်ဗိုလ်ချုပ်ဟောင်းများ၊ အာဏာရှင် လက်ကိုင်တုတ်များနှင့် ၎င်းတို့၏ လက်ဝေခံစားများ အနေဖြင့် ဒီမိုကရေစီ ဖော်ဆောင်မည့် “လမ်းပြမြေပုံ”ဟု မည်သို့ပင် အသံကောင်း ဟစ်စေကာမူ သမိုင်းပေးသော သင်ခန်းစာများ အရ နိုင်ငံနှင့်ပြည်သူများအတွက် ဒီမိုကရေစီပန်တိုင်းသို့ မရောက်နိုင်သော “လမ်းပျောက်မြေပုံ”သာ ဖြစ်နေတော့သည်။
သောင်းညွန့် (U.S.A.)
ကို လွင်အောင်စိုး(Japan) တည်းဖြတ်သည်

Min Thaung Nyunt: မြန်မာ့သမ္မတအသစ်အား တရုတ်နိုင်ငံဧည်ခံကြိုဆို
Min Thaung Nyunt: မြန်မာ့သမ္မတအသစ်အား တရုတ်နိုင်ငံဧည်ခံကြိုဆို: "China fetes new Myanmar president on state visit CHRISTOPHER BODEEN | May 27, 2011 07:46 AM EST | BEIJING ..."
Subscribe to:
Posts (Atom)